P.3(Uni)

5 0 0
                                    


၈၈ချက်...

"အာ့!"

"တောင်းပန်ပါတယ်အရှင်မင်းသား အရှင်မင်းကြီးကနာကျင်၍အော်သည့်အခါ အစကပြန်ရိုက်ပါလို့မိန့်လာပါတယ်"

၈၈ချက်ရောက်မှအစကပြန်ရိုက်မှာတဲ့လား။ရက်စက်လိုက်လေခြင်း။

"ငါ့ကို ဂရုစိုက်မနေနဲ့ ငါ့ကိုမရိုက်ရင်မင်းတို့ရိုက်ခံရလိမ့်မယ်အများအတွက်ငါ့ကိုသာရိုက်လိုက်ပါ"

"အရှင်မင်းသားရယ်!"

၁ချက်!

...

...

...

၂၀ချက်!

အောက်နှုတ်ခမ်းကိုတင်းတင်းကိုက်ထားလို့ထင်သည်။နီရဲနေသောနှုတ်ခမ်းဖူးလေးမှာသွေးပင်စို့နေပြီ။အပေါ်ပိုင်းဗလာကိုကျွန်ရိုက်သည့်ကြာပွတ်ဖြင့်ရိုက်ခံနေရသည့်အဖြစ်ကသနားဖွယ်ရာ။

အချက်၂၁!

...

...

...

...

အချက်၉၉!

ဗုန်း!

အားဘယ်လောက်သန်သန်နှစ်ခါသုံးခါအစကနေပြန်ရိုက်ခံနေရတဲ့အဖြစ်ကရှုလို့မရ။

"အရှင်မင်းသား"

"၁၀၀ အဟွတ်! ၁၀၀ပြည့်ဖို့တစ်ချက်လိုသေးတယ်"

အချက်၁၀၀!

ဒေါင်!

မောင်းခေါက်လိုက်မှရင်းမျက်ဝန်းတွေသည်အမှောင်ကမ်ဘာတိတိကိုရောက်သွားလေပြီ။ပါးစပ်နားကသွေးတွေ။ကျောတစ်လျှောက်သွေးစို့နေတဲ့အလျားလိုက်မျဉ်းကြောင်းတွေ။နန်းဆောင်ဆီကိုပြန်ရောက်လာတဲ့အရှင်မင်းသားကိုအစောင့်တွေတွဲလာကြသည်။မည်သူမှတော့ခေါင်းမဖော်ရဲပေ။

.... ..... ...... .......

အရိုက်ခံရတာထိမှတ်မိပြီးဘယ်လောက်ကြာအောင်အိပ်သွားလည်းမသိပေမယ့်လက်ကစိုထိုင်းထိုင်းတစ်ခုခုကြောင့်နိုးလာခဲ့၏။မျက်ဝန်းတွေကိုအတတ်နိုင်ဆုံးဖြေးညင်းစွာဖွင့်ကြည့်တော့သလွန်ခြေရင်းမှခေါင်းငုံ့ကာစမ်းပြီးရေပတ်တိုက်နေသောအပြာရင့်ရောင်ဝတ်ဆင်ထားသည့်ကျွန်။အဲ့တာထိုကျွန်ပါအခုလည်းနားရွက်တွေနီနေသည်။ဒီကျွန်ဘာလို့နားရွက်နီနေမှန်းသေချာမသိ။တစ်နေ့နေ့တော့မေးကြည့်ပါဦးမည်။လက်ကိုရုတ်သိမ်းလိုက်တော့ထိုကျွန်ကလက်လိုက်ရှာနေသည်။

တစ်ပွင့်တည်းသောပန်းပွင့်ငယ်(S-1)Where stories live. Discover now