P.22(Uni)

2 0 0
                                    

ဝင်းဝါလှသောရွှေရောင်စားပွဲများကြားငွေနဲ့ဆင်းတုသည့်အဖြူရောင်ပိတ်စများကအခင်းအဖြစ်တည်ရှိနေသည်။မွှေးကြိုင်၍လန်းဆန်းသောစံပယ်ပန်းများကိုစိန်ပွင့်များဖြင့်စီခြယ်ထားသည့်ပန်းအိုးများထဲတွင်အသီးသီးထည့်ထားလေသည်။စားပွဲများနှင့်ထိုင်ခုံများသည် သဲမှုန်များတစ်လူလူနှင့်နေရောင်အောက်ရှိကွင်းကြီးကိုဝန်းရံထားကြသည်။

ဘုရင်သီအိုင်နှင့်မိဖုရားများ၊ဘုရင်မဆူးခက်ဦးတို့ကအသီးသီးနေရာဝင်ယူပြီးနောက် ကွင်းထဲကိုနေရောင်နှင့်အပြိုင်တစ်လက်လက်တောက်နေသောရွှေဝါရောင်ဝတ်ရုံကိုဝတ်လျက်ဓားမြှောင်တစ်ချောင်းကိုယူကာဝင်လာသူ။ထိုမင်းသမီးကားနောက်နှေးခြင်းမရှိသောအရှိန်ဖြင့်အပင်ပေါ်မှပန်းသီးကိုဓားမြှောင်ဖြင့်ကွင်းထဲမှလှမ်းပစ်လိုက်သည်။ပန်းသီးသည်သဲဦးညှာကြွေကျသကဲ့သို့ကြွေကျလာတော့သည်။

"မင်းသမီးကတော်တာပဲ"

"ငါကိုယ်တော့်သမီးပဲ"

ထို့နောက်ငွေရောင်ကိုအဖြူရောင်သစ်ရွက်ပုံစံဖြင့်စီချယ်ထားသောဝတ်ရုံကိုဝတ်ကာရွှေရောင်လက်ကိုင်ကိုကျွမ်းကျင်စွာလှည့်၍ဝင်လာသောဓားရှည်ပိုင်ရှင်။ဘုရင်သီအိုင်မျက်မှောင်နည်းနည်းကျုံ့သွားသည်။မနေ့ကသူသတင်းရထားသည်။မင်းသမီးရတနာကညကြီးအချိန်မတော်ကွင်းထဲမှာလေ့ကျင်နေကြောင်းသူသိခဲ့ရသည်။ဒါ့ကြောင့်ဒီနေ့ပွဲမှာလုပ်နိုင်မှသာသမီးတော်ကိုချမ်းသာပေးမှာ။မဟုတ်ရင်ပြစ်ဒဏ်ကတော့အဆင်သင့်။

ဘုရင်သီအိုင်ရဲ့အတွေးတွေကိုရတနာကသိနေသယောင်ဓားကိုကျွမ်းကျင်စွာလက်ထဲကစားပြီးလျှင်မိုးပေါ်ထောင်ပစ်လိုက်သည်။ဓားသည်လေထဲတွင်တစ်ပတ်လည်ကာဓားသွားမှာဦးတည်ရာမဲ့နေလေသည်။ဓားသည်ရတနာ့လက်ထဲပြန်ရောက်လာတော့သူ့လက်ကိုလျှင်မြန်စွာလှုပ်ရှားကာဘုရင်မဆူးခက်ဦးကိုပစ်လိူက်လေသည်။

"ဘုရင်မ!!!"

"သခင်မ!!!"

ဘုရင်မ၏ရှေ့တွင်သိမ်းငှက်တစ်ကောင်သည်လည်ပင်းကိုဓားရှည်စိုက်၍သေဆုံးပြီးသားဖြစ်နေလေပြီ။ဘုရင်မ၏ပုံကိုကြည့်ရတာကြောက်ရွံခြင်းမရှိပေ။ရတနာကခပ်ဖွဖွပြုံးကာဘုရင်မကိုကြည့်လိုက်သည်။ဘုရင်မက ဓားရှည်ကိုဆွဲနှုတ်ကာရတနာ့ဆီလှမ်းပစ်လိုက်သည်။လူတစ်ယောက်ထံကျွမ်းကျင်စွာလှမ်းပစ်ပုံကိုကြည့်ကာသွေကခန့်မှန်းချက်ကိုတိုးမြှင့်သည်။

တစ်ပွင့်တည်းသောပန်းပွင့်ငယ်(S-1)Where stories live. Discover now