"ကျမလေသိပ်ပျော်တာပဲ"ကျွန်းစင်မြင့်ပေါ်မှအခုနွယ်ရဲ့မျက်ရည်တွေဟာသနားဖွယ်ဖြစ်အောင်ကိုကျပြနေပါ၏။သူ့ကိုဘုရင်ဟာဘယ်လောက်ချစ်ကြောင်းကိုဖွင့်ဟလျက်။ရင်းတို့မောင်နှစ်မတွေကိုလှမ်းကြည့်လျက်ပေါ့။အခုနွယ်၏မွေးနေ့ပွဲတော်သည်တိုင်းပြည်တိုင်းမှဘုရင်များ၊မိဖုရားများ၊မင်းညီမင်းသားမင်းသမီးများအပြင်မင်းမှုထမ်းများပါတက်ရောက်ကြသည်။ပွဲအပြင်အဆင်ကိုသူ့စိတ်ကြိုက်ပြင်ဆင်ထား၏။လေညှင်းလေးတိုက်ခိုက်တိုင်းအရင်ကရနေကြခရေနံ့လေးကိုရင်းမရ။အဘယ်ကြောင့်ဆိုသော်ဟိုဘက်တိုင်းပြည်ဆီပစ်စည်းတွေဝယ်ဖို့အစေခံတွေသွားရသည့်ထဲနွေရောင်ခရေပါသွားလို့ပင်။
သံယောဇဉ်တွယ်မိတာဟုတ်တာပေါ့။သူသွားတော့ပျင်းနေပြီးပြန်များလာတာလားဆိုပြီးအလုပ်မရှိအလုပ်ရှာကာတိုင်းပြည်ကူးစပ်သည့်တောအုပ်လမ်းလေးနားသွားနေလိုက်ရတာ။သူ့ကိုကြည့်ပြီးညီမတော်တွေကတောင်အကဲပိုနေတာတဲ့။သံယောဇဉ်တောင်သေချာမသိဘူးဆိုပြီးပြောဆိုကြပါလေရော။သူမသိတာလား။သိနေရဲ့သားနဲ့မပြောချင်တာလားတော့ကိုယ်တိုင်တောင်အဖြေရှာမရပေ။
"စိတ်ရင်းထဲကနေအနက်ရှိူင်းဆုံးဆီကိုကူးစပ်သွားသလိုပါပဲ ပထမကမိဖုရားခေါင်ရာထူးရတယ် အခုကြ လူတိုင်းကအသိအမှတ်ပြုနေကြတော့မိုးကောင်းကင်ကကောင်းချီးပေးတယ်လို့တောင်မှတ်ယူမိနေတာပေါ့"
"မငိုပါနဲ့တော့"
ဘုရင်သီအိုင်၏ရင်ခွင်ထက်မျက်ရည်တွေနဲ့အလဲလဲအပြိုပြိုဖြစ်နေသူကိုအားလုံးမသနားပဲမနေနိုင်ကြပါ။ဒီလောက်တောင်ပျော်စရာကောင်းလား။ထိုဖြစ်စဉ်ကို အနောက်ဘက်အားလှမ်းကြည့်နေသူရင်းသည်လည်းမမြင်နိုင်သလိုအစားအသောက်ကိုသရဲလိုစီးနေသောသွေသည်လည်းမတွေ့ပါ။ရတနာကသာဒေါသမီးလောင်ကျွမ်းနေတာ။တစ်ခါတစ်လေသူ့ကိုယ်သူတောင်တွေးမိသေးတယ်။ငါပဲအမြဲပူလောင်နေတာလားလို့။
"မင်းသားက အဝင်ဝကိုအရမ်းကြည့်နေတာပဲနော်"
"အင်း"
"ဘာရှိလဲတော့မမေးတော့ပါဘူး မင်းသားကအကျိုးအကြောင်းဆီလျော်တယ်လေ"
YOU ARE READING
တစ်ပွင့်တည်းသောပန်းပွင့်ငယ်(S-1)
Romansနှလုံးသားထဲကိုတိုက်ရိုက်ဝင်လာသူမလို့ပြန်လွှတ်ဖို့တော့ကိုယ်တော်စဉ်းစားရမှာပေါ့။ start-22.9.2024 end-6.11.2024