ဆောင်းဦးလေသည်တိုက်ခိုက်နှုန်းနှေးကွေးသည်။ဒါသည်လည်းအင်သီရာတိုင်းပြည်မှာသာဖြစ်ပေါ်သည်။ဖြေးညှင်းစွာကျနေသောနှင်းစက်ကလေးတွေသည်မနက်ချိန်တွင်ဖွေးဖွေးလှုပ်မြင်ရသည်။လက်ဖဝါးပေါ်ကျသည်ဆိုတဲ့အသိပဲရပြီးမမြင်ရပေ။အင်သီရာမှာဆောင်းဦးရောက်တိုင်းဈေးရောင်းပွဲတော်သဘောမျိုးရှိသည်။သီတင်းကျွတ်ပွဲတော်ကျင်းပသလိုမျိုးပေါ့။ပြင်ဆင်မှုကတော့အစုံပါပဲ။မုန့်မျိုးစုံနဲ့ပစ်စည်းလှလှသေးသေးလေးတွေရောင်းချနေကြသည်။ထိုသို့ရောင်းချရတာပျော်စရာတော့ကောင်းလွန်းလှသည်။ဘယ်လောက်လဲဆိုရင်ပြောမပြတတ်အောင်ပင်။သူခိုးသူဝှက်နည်းသောအင်သီရာ၏ငြိမ်းချမ်းမှုသည်စံထားရလောက်သည်။တလောကလုံးဦးညွှတ်ခစားဖို့တောင်ထိုက်တန်သည်ဟုတခြားတိုင်းပြည်ကသူတွေကပြောကြသည်။
လူသွားလူလာများနေသောညနေခင်းတစ်ခုဝယ်ပွဲဈေးမှာအသံတွေစည်ကားနေသည်။ရင်းသည်လည်းထိုပွဲကိုသွားရောက်ဖို့ရာ မျက်နှာဖုံးတပ်ဆင်ထားသည်။အခုလုပ်ဖို့ကျန်တာကနန်းဆောင်ကနေခိုးထွက်ဖို့သာဖြစ်သည်။သူပွဲဈေးကိုနွေရောင်နဲ့အတူလျှောက်လှမ်းချင်သည်။ဒီညသူနွေရောင့်ကိုပြောစရာရှိသည်။ညမှပြောရမည်ဟုညီမတော်နှစ်ယောက်ကမှာလိုက်လေသည်။ညမှပြောရမဲ့ကိစ်စမလို့နေမှာပါ။
"အရှင်!"
"လာ တိုးတိုး"
"အရှင်ကဒီကိုမလာသင့်ဘူးလေ"
သူတို့နှစ်ယောက်တည်းကြားရုံမျှပြောနေကြသည်။အရှင့်လိုမြင့်မြတ်သူသည်အခုအစေခံတန်းလျားကိုလာရောက်ကာသူ့ကိုလာခေါ်နေပါသည်။အခုထိသူမယုံနိုင်သေး။အရှင်ကသူ့အပေါ်မှာကျွန်တစ်ယောက်ထက်မိတ်ဆွေတစ်ယောက်လိုမျိုးပါခင်မင်လာတာဟာကောင်းပေမယ့်သူ့မှာအရှင်တစ်ယောက်တည်းအတွက်သာဖြစ်တည်တဲ့အချစ်တွေရှိနေတယ်။အရှင်သာသိသွားခဲ့ရင်ရော။သူ့ကိုရွံမှာလား။ကျွန်တစ်ယောက်ဖြစ်ရုံသာမကယုတ်ညံ့တဲ့ကိစ်စကိုပါကြံစည်လို့မုန်းများမုန်းသွားမလား။တွေးရင်းကြောက်မိလာသည်။အခုလာခေါ်တာကိုတော့သူမငြင်းလိုတော့။နောင်တစ်ချိန်ကြရင်အခုလိုဖြစ်ဖို့ဆိုတာမဖြစ်နိုင်တော့ပေ။
YOU ARE READING
တစ်ပွင့်တည်းသောပန်းပွင့်ငယ်(S-1)
Romanceနှလုံးသားထဲကိုတိုက်ရိုက်ဝင်လာသူမလို့ပြန်လွှတ်ဖို့တော့ကိုယ်တော်စဉ်းစားရမှာပေါ့။ start-22.9.2024 end-6.11.2024