P.15(Uni)

2 0 0
                                    


၃ရက်နေ့......

ချစ်ရသူရဲ့လက်ကလေးကိုကိုင်ကာအိပ်ပျော်သွားသည်ကအခုမှနိုးကာသတိများရနေမလားဆိုတဲ့အသိစိတ်နဲ့ကြည့်လိုက်ပေမယ့်သူ့အတွေးတွေကိုစက်ကူစ တစ်ရွက်လိုဆုပ်ချေခံလိုက်ရသည်။စာရွက်တစ်ရွက်အပေါ်လိုချင်တာကိုဖော်ရန်အတွက်မှင်တံကတော့လိုကို လိုပါမည်။သို့ပေမယ့်သူမရှိဘဲနဲ့တော့မှင်တံရှိနေရင်တောင်ထိုစာရွက်ပေါ်မှာမည်သည်မှအရာထင်မှာမဟုတ်ပေ။

ရင်းလွမ်းသည်။ဆွေးသည်။ငိုချင်တယ်။နာကျင်သည်။ချစ်ရသူကပစ်ပယ်သွားခြင်းမျိုးမဟုတ်သော်လည်းထားသွားခံရသလိုစိတ်ကခံစားနေရသည်။သူသည်ထိုမျှစွမ်းပါ၏။ထိုမျှဆွဲဆောင်နိုင်ပါ၏။

"အကိုတော်!!"

သမားတော်ခေါ်ကာသွေနဲ့ရတနာရောက်လာသည်။သမားတော်မှာဟိုတစ်ခေါက်ကသမားတော်နဲ့မတူ။ရင်းမတ်တပ်ရပ်လိုက်ကာထိုသမားတော်ကိုကြည့်တော့သူ့အရိုအသေပေးပြီးနွေရောင့်လက်ကိုထိလိုက်သည်။သမားတော်၏မျက်နှာသည်ဖြူဖတ်ဖြူရော်ဖြစ်သွားတယ်လို့ခံစားလိုက်ရတယ်။

"ဘယ်လိုမေ့သွားတာပါလဲ"

"ကြာပွတ်နဲ့အပြစ်ပေးခံရပြီးကတည်းကပဲဒီနေ့နဲ့ဆို၃ရက်၎ရက်လောက်တော့ရှိမယ်"

သွေကဝင်ပြောပြသည်။ရင်းရောရတနာပါပြောမပြနိုင်သောကြောင့်ဖြစ်သည်။အခုထိမနေ့တစ်နေ့ကလိုခံစားနေရတုန်း။ရင်းသာထိုနေ့ကဘုရင်သီအိုင်ခိုင်းတာကိုငြင်းဆိုခဲ့ရင်အခုလိုဖြစ်လာစရာအကြောင်းမရှိဘူးဟူ၍တွေးနေပြန်၏။

"ကျတော်မျိုးကိုပွင့်လင်းစွာပဲပြောခွင့်ပြုပါဘုရား"

ရင်းခေါင်းငြိမ့်ပြလိုက်သည်။ဆေးသမားတော်တစ်ယောက်အနေနဲ့သူ့လူနာကိုပြောမည်ဆိုတဲ့အဓိပ်ပါယ်။ရင်းလက်ခံနိုင်ပါသည်သူ့အတွက်ဆိုရင်ပေါ့။

"ကြာပွတ်နဲ့ရိုက်ခံရလို့မေ့သွားတယ်ဆိုတာပုံမှန် မှန်းခြေအရအများဆုံး၁ရက်၂ရက်လောက်ဆိုတာအလွန်ဆုံးမေ့နိုင်တဲ့အချိန်ပါ အခုက၃ရက်၎ရက်ဆိုအရမ်းကိုများနေပါတယ် အားနည်းသူတစ်ယောက်ကမေ့နေရင်လှုပ်ရှားဖို့တော်တော့်ကိုရုန်းကန်ရတယ်လို့ ကျတော်မျိုးတို့သမားတော်တွေကောက်ချက်ချပါတယ်"

တစ်ပွင့်တည်းသောပန်းပွင့်ငယ်(S-1)Where stories live. Discover now