"သခင်မ! သူ့ကိုဘယ်လိုလုပ်လိုက်ရမလဲ!"မေးလာသောအစေခံမုဆိုး၏စကားကြောင့်သူမခပ်မဲ့မဲ့ပြုံးလိုက်ပြီးလက်ထဲကဓားကိုပုဝါပါးနဲ့သုတ်နေလိုက်သည်။
"သတ်လိုက်!"
"မှန်လှပါ"
"အော် ပြီးတော့....."
နောက်ကိုလှည့်လိုက်ပြီးမုဆိုးကိုကြည့်ကာ....
"ဟိုကျွန်ကိုခေါ်ခဲ့!"
"မှန်ပါ့"
မုဆိုးထွက်သွားပြီးမကြာခပ်နက်နက်အော်သံကြီးကဘာကြောင့်ဆိုတာသိနေခဲ့ပါ၏။ခနကြာတော့လက်နောက်ပြန်ကြိုးတုတ်ထားသောကျွန်တစ်ယောက်ကိုမုဆိုးကခေါ်ဆောင်လာသည်။သူမရှေ့ဒူးထောက်ထားသောကျွန်သည်တချိန်ကကြီးကျယ်သောသူဌေးတစ်ယောက်ဖြစ်ခဲ့ပါ၏။
"ရှင်က ကျမကိုကျွန်လို့ခေါ်ဖူးတယ်နော်"
ခပ်ထေ့ထေ့မေးခွန်းကိုထိုသူကလည်းလှောင်ရယ်လိုက်သည်။သွေးတွေနှင့်ပေပွနေသောထိုသူသည့်ကြည့်ရက်စရာအလျဉ်းမရှိ။
"ဒီဓားကိုမှတ်မိဦးမလားမသိပေမယ့် ပန်းသီးကတော့မေ့မယ်မထင်ဘူး"
"အဟွတ်! မင်းရင်ဘက်ပေါ်ပန်းသီးတင်ပြီးဓားနဲ့စိုက်ခဲ့ရတဲ့အခိုက်အတန့်တွေကငါ့ကိုပျော်စေ........အား!!!!!"
ိုစိုက်ဝင်သွားသည့်ဓားသည်နာကျဉ်းနေပါသည်။သူမ သည်အရင်ကဘုရင်မ၏ကျွန်တစ်ယောက်ဖြစ်သည်။ထိုအချိန်အခါကဘုရင်မ၏တူတော်သည်သူ၏အလှကိုမက်မောသည်။ထိုသည်ကိုသူကမလိုက်လျောခဲ့သဖြင့်အနုနည်းကိုသုံးကာညှင်းပန်းခဲ့သည်။ရင်ဘက်ပေါ်တွင်ပန်းသီးတစ်လုံးကိုတင်ကာဓားနဲ့စိုက်ခဲ့သည်။သို့သော်စနောက်ချင်ယုံသက်သက်သာ။အသားကိုမထိပေမယ့်အပျိုစင်ဖြစ်နေသောကြောင့်ရှက်တာပါသည်။
"ကျမကိုအရှက်ခွဲလို့ရှင့်အသက်ကိုကျမယူလိုက်တယ် နောက်နောင်ဘဝဆိုတာပြန်ဝင်စားရင်ကျမခြေရင်းတောင်ခစားဖို့ထိုက်တန်တဲ့သူဖြစ်လာမှာမဟုတ်ဘူး"
နောက်တစ်ချိန်ဓားနဲ့စိုက်သွင်းရင်းပြောလိုက်သည်။ကျွန်တွေကအလောင်းကိုသယ်သွားကြတော့၏။မုဆိုးကသူ့ရှေ့ဒူးထောက်ကာအခစားဝင်သည်။သူမကခုံမှာခြေချင်းချိတ်ထိုင်လိုက်ပြီးလက်ထဲကပန်းကိုကိုင်ထားသည်။ဆူးတွေများသောပန်းတစ်ပွင့်ဖြစ်သော်ငြားသတ်တိရှိပါကကိုင်တွယ်နိုင်သည်မှာပြေးကြည့်စရာပင်မလို။
YOU ARE READING
တစ်ပွင့်တည်းသောပန်းပွင့်ငယ်(S-1)
Romansနှလုံးသားထဲကိုတိုက်ရိုက်ဝင်လာသူမလို့ပြန်လွှတ်ဖို့တော့ကိုယ်တော်စဉ်းစားရမှာပေါ့။ start-22.9.2024 end-6.11.2024