P.4(Uni)

5 0 0
                                    


"အားလုံးပဲသိကြတဲ့အတိုင်းကျွန်ုပ်တို့တိုင်းပြည်ရဲ့နှစ်စဉ်ကျင်းပနေကြဖြစ်သောအမဲလိုက်ပြိုင်ပွဲကိုယ်စားပြုရွေးပွဲဟာဆိုရင်နောက်ရက်မှာစတင်မှာဖြစ်ပါတယ် ကိုယ်စားပြု၇ယောက်ရွေးချယ်ပြီးအခြားတိုင်းပြည်တွေနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ် သင်တို့အစွမ်းကိုသင်တို့ကိုယ်တိုင်ထုတ်ဖော်နိုင်ပါပြီ"

မင်းသမီးတစ်ပါးကဆိုလာတာကြောင့်ပရိသတ်ပြည်သူအများအပြားလက်ခုပ်ဩဘာပေးကြသည်။မင်းသားရင်းကစင်ပေါ်တက်လာသည်ကြောင့်အားလုံးပြန်ငြိမ်ကျသွားကြသည်။

"အားလုံးဟာအကောင်းဆုံးတွေနဲ့ထိုက်တန်သူတွေကြီးပါပဲ ဒါကြောင့်တိုင်းပြည်ကောင်းကျိုးအတွက်ထမ်းဆောင်သယ်ပိုးဖို့တိုက်...တွန်းအပ်ပါတယ်"

စကားပြောနေရင်းဖခမည်းတော်ပြောခဲ့သည့်စကားအချို့ကဦးနှောက်ထဲပြန်ဝင်လာသည်။သူငယ်ငယ်ကအမြဲနားထောင်ခဲ့ရတဲ့စကားလုံးအချို့။'အဆင့်အတန်းဆိုတာကွာတယ်၊မင်းသားတစ်ပါးကြိုးစားမှုနဲ့ပြည်သူတစ်ယောက်ကြိုးစားမှုဟာအာဏာမှာအပြတ်အသက်ကွာတယ်သားတော်မေ့မထားဖို့ကမင်းဟာအဆင့်အတန်းရှိတယ်'ဟူ၍သာဖြစ်သည်။

အဆင့်အတန်းသည်ပကာသနအပြင်မပို။ငွေကြေးသည်အရေးပါသည်။သို့သော်သူသည်လည်းပကာသနထဲကသာဖြစ်၏။ကျွန်ုပ်တို့သည်နေ့စဉ်နဲ့အမျှအလှအပတွေကိုခံစားခွင့်ရှိသည်။မင်းသားဖြစ်စေကျွန်ဖြစ်စေသဘာဝကပေးသောလေကိုရူရတခြင်းတူသော်လည်းအဆင့်အတန်းခြင်းမတူသည့်အတွက်ခွဲခြားခံရစမြဲပင်ဖြစ်သည်။

"အရှင်မင်းသား မနက်ဖြန်ကြရင်ဘယ်တောအုပ်မှာယှဉ်ပြိုင်ရမှာလဲ "

"အထင်ကရတောတစ်ခုခုမှာပေါ့"

စင်ပေါ်ကဆင်းလာတော့ပြည်သူတစ်ယောက်ဟာခပ်လှမ်းလှမ်းအကွာကနေစကားပြောသည်။အကွာအဝေးခြားထားတာပေါ့။ကြားထဲမှာမှူးမတ်တွေကမင်းသားကိုကာကွယ်ဖို့ရာမင်းသားသွားလေရာလိုက်သည်။

နေဝင်ချိန်ကိုကြည့်ချင်ရင်နေထွက်ချိန်ကိုစောင့်တတ်ရမယ်။ရေကိုသောက်ချင်ရင်သူ၏ကျေးဇူးကိုအရင်သိတတ်ရမယ်။မေတ်တာကိုလိုချင်ရင်အနစ်နာခံရတယ်တဲ့။

တစ်ပွင့်တည်းသောပန်းပွင့်ငယ်(S-1)Where stories live. Discover now