အခန်း၄၊အခန္း၄

325 22 0
                                    

🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀

နှုတ်ခမ်းကို အစွမ်းကုန်ဆူကာ ခြေကိုချိတ်ထားမိပါ၏။
အရှေ့မှာရှိနေသည့်  အန်တီငြိမ်းကိုရော၊မမချယ်တို့ပါ သနားအောင် မျက်နှာငယ်လေးလည်း လုပ်ထားလိုက်ပါ၏။
ကိုကိုဘုန်းမင်းသစ် ကတော့ မရ,ရအောင် ကိုကိုငယ့်ကိုပြောနေပြီဆိုတာသိရသည်။

"တွေ့လား....မမချယ်နဲ့အန်တီငြိမ်း၊ကိုကိုငယ်က သမီးကိုမချစ်တော့ဘူး၊အပြင်လေးသွားတာတောင် မခေါ်ဘူး၊အကျင့်ပုတ်တယ်"

"ဟုတ်ပနော်၊မမချယ်ရဲ့ညီမလေးကိုများ၊မမချယ်နဲ့spaသွားမှလိုက်ခဲ့"

"လိုက်မှာပေါ့၊ဒါပေမယ့် အခု....ကိုကိုငယ်သွားမယ့်အပြင်လည်း သမီးကလိုက်ချင်တာ"

"မခေါ်ဘူးနော်၊ပြောထားပြီးသား"

"ကိုကိုငယ်....သမီးကိုမချစ်ဘူးလား"

"မ....ချစ်....ဘူး"

"တွေ့လား....ငိုမှာနော်"

"..."

ကိုကိုငယ်က ရှေးကို ဘာမှပြန်မပြောဘဲ ထမင်းစားခန်းထဲဝင်သွားတော့သည်။

"အစ်ကိုကြီးကလည်း ရှေးလေးကို ခေါ်သွားလိုက်ပါဗျာ၊ရှေးလေး....သနား....အွတ်!"

ဘုန်းကံရှင်က ဘုန်းမင်းသစ် ဘာမှထပ်မပြောခင် စကားများနေတဲ့ပါးစပ်ထဲကို စားပွဲပေါ်က ပန်းသီးတစ်လုံး ထိုးထည့်ပေးလိုက်သည်။သကောင့်သားက ထိုအခါမှ ပါးစပ်ပိတ်သွားသည်။

"တီ~တီ~"

ကားဟွန်းကြောင့်
ရှေးရဲ့မျက်လုံးတွေအရောင်လက်လာသည်။
အန်ကယ်လ်ဘုန်းပြန်ရောက်လာပြီပဲ။
ရှေးက မြန်မြန်လေးပြေးသွားကာ အန်ကယ်လ်ဘုန်းဆီတိုင်ချက်ဖွင့်တော့သည်။

"သမီးကိုလေ မောင်းထုတ်တယ်သိလား၊မလာနဲ့တဲ့၊ပြီးတော့ အပြင်သွားတာကိုလည်းမခေါ်ဘူး"

"ဟုတ်လား၊အဲ့ကောင်ဘယ်မှာလဲ၊ဘုန်းကံရှင်"

"ဗျ....ဗျာ၊သား ထမင်းစားမလို့...."

"ဒီအရွယ်ရောက်နေပြီ၊ကလေးကိုအလျှော့မပေးတတ်သေးဘူး၊ကလေးဆိုးကြီးလုပ်နေတုန်း၊ခေါ်သွားလိုက် သမီးလေးကို"

ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္Where stories live. Discover now