အခန်း၁၂၊အခန္း၁၂

292 14 0
                                    

🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀

"ဟင်း...."

"ဟင်း...."

"ဟူး...."

ထိုင်နေရင်း သက်ပြင်းချလိုက်၊လေပူတွေမှုတ်လိုက်၊​ခေါင်းခါလိုက်လုပ်နေတဲ့ရှေးကုသိုလ်ကိုသတိထားမိတော့ကျန်သူငယ်ချင်း၆ယောက်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
"ဘာဖြစ်လဲ?သိလား"
ဆိုသည့်ပုံစံဖြင့်မေးဆတ်ကြသည်။ပြီးတာနဲ့အကုန်လုံးက ပြိုင်တူခေါင်းခါကြသည်။
ဘာလို့ဆို သူတို့တွေ အကုန်လုံးအကြောင်းရင်းကို မသိကြ၍ဖြစ်သည်။

"အားးးးး!!!သေချင်တယ်!!!သေချင်တယ်!!!သေချင်တယ်!!!"

"ဒုန်း~ဒုန်း~ဒုန်း~!!!"

ရှေးက ရုတ်တရက်ကြီး ထ,အော်ပြီး အောက်က စားပွဲနဲ့နဖူးကိုဆောင့်နေတာကြောင့် အကုန်လုံးဝိုင်းဆွဲရပြန်သည်။အရင်ဆုံး ရည်မွန်သူက....

"ရှေး....မနက်တည်းက
ကြည့်နေတာ၊နင်မျက်နှာလည်း မကောင်းဘူး၊
ဘာပြသနာရှိလို့လဲ"

"ပြသနာလား....ပြသနာ....၊အားးး!!!ရှိတယ်!ရှိတယ်"

"ဒုန်း~ဒုန်း~!"

"ရှေးရယ်....ဘာပြသနာလဲ၊ငါတို့ကိုပြောမှပေါ့၊နင်အဲ့လိုခုံနဲ့ဆောင့်နေလို့ပြီး မသွားဘူး"

အမြဲတမ်း စာအုပ်တစ်အုပ်နဲ့ငြိမ်နေတတ်တဲ့ ရဲဝံ့ဟန်က ပါဝင်ပြောလာသည်။

"ငါ.....လက်လျှော့ချင်စိတ်ပေါက်နေတယ်ဟာ၊ငါ....အားလည်းမရှိတော့
ဘူး၊ငါ့ကို ကိုကိုငယ်က
မချစ်ဘူးတဲ့!မနေ့ညက
ငါ့ကို အိမ်ပြန်လိုက်ပို့တော့ ငါကလည်းမူးနေတာ၊
အိမ်ကလူတွေကလည်း
ဒင်နာမှာ၊၂ယောက်တည်းရှိတာတောင် ဘာမှမလုပ်သွားဘူး"

"ဟဲ့!ဘာလုပ်ရမှာလဲ"

"အေးလေ!နင်တော့ နေမြင့်လေ အရူးရင့်လေဖြစ်နေပြီ"

"ဟုတ်တယ်....အီးဟီးဟီးးးး!!!ပိုဆိုးတာက အလုပ်ကိစ္စကြောင့် အမေရိကားကို၃လလောက်ပြန်သွားသွားရမယ်တဲ့....အီးဟီးဟီး!!!...."

"နင်ပဲ မရ,ရအောင်လိုက်မှာဆို၊ဘယ်လောက်မှတောင်လိုက်တာ မကြာသေးတာကို လက်လျှော့တော့မလို့လား၊အမေရိကားကလည်း အပြီးသွားတာမှမဟုတ်တာကို"

ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္Where stories live. Discover now