🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀
"ဟော....ကိုကြီးပြန်လာပြီထင်တယ်၊နေ....နေ....သမီးတံခါးသွားဖွင့်ပေးလိုက်မယ်"
ရှေးက ပေါ့ပါးစွာပင် ဖျပ်ကနဲထ,ကာ ခြံတံခါးသွားဖွင့်ပေးလိုက်သည်။
ကုမဏီကနေပြန်လာသည့် အစ်ကိုအကြီးဆုံးဖြစ်သူ နေသဏ္ဍာန် ကားပေါ်ကနေဆင်းလာသည်နှင့် လက်မောင်းတစ်ဖက်တွဲခိုကာ...."သမီး နေမင်းခနဲ့လမင်းခတို့ကို သေချာထိန်းပေးထားတယ်နော်၊မုန့်ပါလား"
"ကလေးထိန်းတော်တဲ့ မင်းသမီးလေးဖို့ ဒီအစ်ကိုကြီးက ရေခဲမုန့်ရော၊ပီဇာရော၊ကြက်ကြော်ပါ ဝယ်လာပါတယ်ဗျ"
"ရေးးး၊အဲ့တာကြောင့် ကိုကြီးကိုချစ်နေရတာ၊သမီး စားဖို့သွားပြင်လိုက်မယ်"
ရှေးက ဧည့်ခန်းထဲရောက်တာနဲ့ မုန့်ထုပ်တွေကိုယူကာ မမဝှိုက်နဲ့အတူ မီးဖိုခန်းထဲပါသွားတော့သည်။
နေသဏ္ဍာန်ကလည်း သူငယ်ချင်းဖြစ်သူ ဘုန်းမြတ်ချယ်နဲ့ သာကြောင်းမာကြောင်း၊လုပ်ငန်းအကြောင်းပြောရင်း သူ့ကလေး၂ယောက်ကိုကြည့်နေသည်။
ပြီးမှ သူလည်း ရေချိုးဖို့အပေါ်ထပ်တက်သွားတော့သည်။နေသဏ္ဍာန်၊ဒေစီဖြူဖြူနဲ့ဘုန်းမြတ်ချယ်တို့က အသက်လည်းအတူတူဖြစ်တာမို့ ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်သည်။ထမင်းစားဝိုင်းမှာတော့ ရှေးက အစ်ကို့ကိုဟင်းထည့်ပေးလိုက်၊ယောင်းမကိုဟင်းထည့်ပေးလိုက်၊ မ,တော်ရသေးတဲ့ ယောင်းမ
(ဘုန်းမြတ်ချယ်က ဘုန်းကံရှင်ရဲ့အစ်မ)ကို ဟင်းထည့်ပေးလိုက်နှင့် အလုပ်ရှုပ်နေသည်။
ဒေစီဖြူဖြူက...."သားနဲ့သမီးကလေ ရှေးဆို တအားချစ်ပဲ သိလား ကို၊ သူ့တီလေး အသံကြားတာနဲ့ တအီအီငိုနေရင်းကနေ အငိုကိုရပ်သွားတာ"
"အဲ့လောက်တောင်ပဲလားကွ"
"အဲ့ထက်ကို ပိုတယ်၊သီချင်းဆိုပြတော့လည်း ကိုယ်လုံးလေးတွေလှုပ်ကာရမ်းကာနဲ့ က,တာတဲ့ ကိုရေ"
"ဟား....ဟား၊ကိုလည်းတွေ့တယ်လေ၊ ချယ်ပို့လိုက်တဲ့ ဗီဒီယိုထဲမှာ၊ငါ့ညီမကတော့ တကယ်အားကိုးရတယ်ကွာ၊အကြီးကောင်က တကယ် အသည်းမာတာကွ၊ငိုရင် တော်ရုံနဲ့မတိတ်ဘူး၊ရှေး ချော့လိုက်မှ ပြုံးလို့၊မနက်ဖြန်ကျရင်လည်း အလှူမှာ ရှေးကိုပဲ အားကိုးရမှာပဲ"
YOU ARE READING
ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္
Romance"ချစ်လား" "မချစ်ဘူး" တစ်ခါလေးလိမ်မိသည်နှင့် လူလိမ်မလေးလို့ အမြင်ခံလိုက်ရသည့် ရှေးကုသိုလ်။ အရမ်းရှက်တတ်တဲ့ ကိုတည်ငြိမ် ဘုန်းကံရှင်။ အမြဲတမ်း "မချစ်ဘူး"လို့ငြင်းနေပေမယ့်လည်း လက်မလျှော့ဘဲ ဆက်မေးနေတဲ့ အချစ်ရူးမလေးနဲ့ စိတ်ကစားတယ်ထင်ပြီး သူ့ကိုထားခဲ့မှာကြ...