🎀ဘုန်းကံရှင်ရဲ့ရှေး ကုသိုလ်🎀
"ကိုကို...ကိုကို...ကိုကို""ကျစ်!မင်းဘယ်လိုဖြစ်နေတာလဲ၊ရှေးကုသိုလ်...."
"ကိုကိုမို့လို့ ကိုကိုလို့ခေါ် တာလေ၊ကိုကိုက သမီးရဲ့ ကိုကို"
"ဘယ်သူကမင်းရဲ့ကိုကိုလဲ၊သေချာတာတော့ ငါ မဟုတ်ဘူး"
"လိမ်ပြန်ပြီပြီ၊ကိုကိုပြော တော့ လိမ်တဲ့လူတဲ့တွေကို
မုန်းတယ်ဆို""အေးလေ"
"ခုနကကျတော့ ယွန်းမီမီရှေ့မှာ သမီးက ကိုကိုလို့ခေါ်တော့ ကိုကိုက ဗျာ လို့ထူးပြီး သမီးနောက်ကိုလိုက်လာတာလေ"
"အဲ့တာက ယွန်းမီမီအနားမှာမနေအောင်လို့လေ"
ဟုတ်ပါသည်။ခုနက ယွန်းမီမီသူ့နားကပ်နေတုန်းက ကိုကိုလို့ခေါ်ပြီးပြေးလာတဲ့သူ
မကို တကယ်ကျေးဇူးတင်ပြီး သူကိုယ်တိုင်ကိုကအလိုက်ထိုက်လေးဆက်ဆံပေးခဲ့တာ။"အဲ့တာက မီးစင်ကြည့်ကတာလို့ခေါ်တယ်ကွ၊သဏ္ဍာန်လုပ်လုပ်တရုတ်တူတူအောင်လုပ်တာ၊တကယ် မဟုတ်ဘူး"
"ကိုကိုဘာ့သာကိုကို မီးစင်ကြည့်ပြီးပဲ က,က၊တရုတ်နဲ့တူတူကုလားနဲ့တူတူသမီးကတော့ခေါ်မှာပဲ ကိုကိုလို့၊သမီးကိုလည်း
ခုနကလိုကလေးလို့ပဲခေါ် ""ကွိုင်ပဲကွာ၊နေစမ်းပါ ဉီး၊မင်းကသမီး....သမီးနဲ့ ငါမင်းထက်အဲ့
လောက်လည်း အသက်မကြီးပါဘူး""သမီး လို့ပြောတာက အိမ်မှာ မာမီတို့နဲ့လည်း အဲ့လိုပဲပြောတာ၊အစ်ကို၄ယောက်နဲ့လည်း အဲ့လိုပဲပြောတာအကျင့်ပါနေပြီ၊အဲ့တာကြော င့်ပြောတာလေ၊သမီးလို့ပြောတာ မကြိုက်ရင်လည်း ကလေးလို့ပြောင်းပြောပေးမယ်၊ကိုကိုသာ ကလေးလို့ခေါ်ပေး"
"မခေါ်ပေးနိုင်ပါဘူး"
"ကိုကို....မချစ်ဘူးလားလို့"
"မချစ်ပါဘူး"
"ကိုကို....ချစ်အောင်လို့ အလှတွေပြင်ထားရတာကို၊ကိုကိက မချစ်ဘူးပေါ့"
"လုံး....ဝ....ပဲ"
"ဟွန့်! ကိုကို စိတ်ပုတ်၊အကျင့်ပုတ်ကြီး!စိတ်ဆိုးသွားပြီ၊လုံးဝ လာမခေါ်နဲ့"
YOU ARE READING
ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္
Romance"ချစ်လား" "မချစ်ဘူး" တစ်ခါလေးလိမ်မိသည်နှင့် လူလိမ်မလေးလို့ အမြင်ခံလိုက်ရသည့် ရှေးကုသိုလ်။ အရမ်းရှက်တတ်တဲ့ ကိုတည်ငြိမ် ဘုန်းကံရှင်။ အမြဲတမ်း "မချစ်ဘူး"လို့ငြင်းနေပေမယ့်လည်း လက်မလျှော့ဘဲ ဆက်မေးနေတဲ့ အချစ်ရူးမလေးနဲ့ စိတ်ကစားတယ်ထင်ပြီး သူ့ကိုထားခဲ့မှာကြ...