အခန်း၂၁၊အခန္း၂၁

252 10 0
                                    

🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀

စိတ်ကျန်းမာရေးဆေးရုံကြီး၏ ဆေးရုံလူနာခန်းတစ်ခန်းတွင် လက်တွေခြေတွေ သံကြိုးနှင့်အခတ်ခံထားရသည့် ယောကျ်ားတစ်ဉီးရှိသည်။

သို့သော် ထိုသူသည် ထိုသံကြိုးများအတွင်းမှ မကြာခင် လွှတ်မြောက်ရတော့မည်ဖြစ်သည်။
သူသည် ဆေးရုံ၃လတိတိတက်ပြီးနောက် အခြေအနေများစွာပြန်လည်တိုးတက်လာပြီး ဆရာဝန်တွေ၏ထောက်ခံချက်ဖြင့် ဆေးရုံက ဆင်းရတော့မည်ဖြစ်သည်မို့ သူ၏မိဘများကလည်း ပျော်ရွှင်နေကြသည်။
ဆေးရုံကဆင်းသည်နှင့် ဇနီးဖြစ်သူကို တွေ့ချင်နေတာကြောင့် အိမ်ရောက်သည်နှင့် နှုတ်ခမ်းမွှေး၊ပါးသိုင်းမွှေးတွေကို ရိတ်သင်ကာ ဆံပင်ရှည်တွေကိုလည်း ညှပ်ပစ်သည်။
ရေချိုးနေရင်း သူတွေးမိသည်က အကယ်၍ သူ ရှေးကိုလုပ်ခဲ့သည့်အပြစ်တွေသာ ဒီလို ရေချိုးလိုက်တာနဲ့ ပြောင်သွားမယ်ဆိုကောင်းမှာပဲ။
ရေပန်းမှ ကျလာသည့် ရေစက်နှင့်ဘုန်းကံရှင်၏ မျက်ရည်စက်တွေသည်ကား ရောထွေးနေသည်။
သူ့မာမီပြောပြခဲ့တဲ့ Joyနဲ့ရှေးရဲ့ပက်သက်မှု၊ရှေးရဲ့အစ်ကိုတွေပြောပြခဲ့သည့် ရှေးကိုသူ နှိပ်စက်ခဲ့ပုံ၊နောက်ပြီး သူရိုက်ခဲ့လို့ ကိုမာဝင်သွားသည့် ရှေးရဲ့သူငယ်ချင်း ရည်မွန်သူ။

ဟား....ငါ အမှားတွေ အများကြီးလုပ်ခဲ့တာပဲ၊ဒါတောင်မှ ရှေးက အတင်းတောင်းပန်လို့
သူ့ကို ထောင်မချတော့တာတဲ့။အမှန်ဆို သူက သတ်မယ်ဆိုရင်တောင်ကျေနပ်သင့်တဲ့ ကောင်ပါ။
အခု ရှေးက လမ်းမလျှောက်နိုင်တော့ဘူးတဲ့၊အဲ့လိုဖြစ်အောင် လုပ်တဲ့သူက သူကိုယ်တိုင်တဲ့၊ရှေးရဲ့ ခြေချင်းဝတ်ကအကြောတွေကို သူ့လက်နဲ့ဖြတ်ပစ်ခဲ့တာတဲလေ။
ရှေးကို သူသနားလိုက်တာ။
ဘုန်းကံရှင်သည် ဆုံးဖြတ်ချက်တစ်ခုခုကို ရင်နာနာနှင့်ချလိုက်သည်။
သူသည် ရှေးကို အများကြီးထိခိုက်စေခဲ့ပြီးပြီမို့ ရှေးကို နောက်ဆုံးအနေဖြင့် တစ်ခါသာ သွားတွေ့တော့မည်ဖြစ်ပြီး တွေ့ပြီးတာနှင့် ရှေးရဲ့ရှေ့ကနေ တစ်သက်လုံးပျောက်ကွယ်သွားတော့မည်ဖြစ်သည်။
________________________

"အစ်ကိုကြီး....ကျွန်တော် ရှေးလေးကို သွားပြောပေးပါ့မယ်၊တစ်ခါလောက်ဖြစ်ဖြစ် စကားလေးတော့သွားပြောလိုက်ပါ၊နှုတ်ဆက်စကားလေးတော့ ပြောသင့်တယ်မဟုတ်လား"

ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္Where stories live. Discover now