အခန်း၂၊အခန္း၂

399 22 0
                                    

🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀

လေယာဉ်ပေါ်ရှိ ပြတင်းပေါက်မှတစ်ဆင့် မြင်နေရသည့် တိမ်စိုင်တိမ်စုတွေကို ငေးရင်း အတိတ်ကို ခရီးတစ်ခေါက်ပြန်သွားနေစဉ် သူလိုက်ပါစီးနင်းလာသည့်လေယာဉ်ကြီးဟာ အမိမြန်မာပြည်မှာဆိုက်ကပ်ပြီဖြစ်တာကြောင့် ဘုန်းကံရှင်တစ်ယောက် လေယာဉ်ပေါ်ကနေ ဆင်းလာခဲ့တော့သည်။လမ်းတစ်လျှောက်လည်း ဒီနေရာတွင် သူ့ကိုတစ်သက်လုံးမခေါ်တော့ဘူး၊မုန်းတယ်ဆိုပြီး အော်ငိုခဲ့ဖူးသည့်ကောင်မလေး အခုချိန် ဘယ်လိုများဖြစ်နေပြီလဲဟုတွေးနေမိသည်။သူ့ကို တော်တော်လေးစိတ်ဆိုးခဲ့တာကြောင့် အမေရိကားကိုရောက်ကတည်းက video callလေးတောင်လာ,မပြောဘဲ ပြစ်ထားခဲ့တာကြောင့် ဘယ်လိုရုပ်လေးဖြစ်နေပြီလဲတောင်မသိရပါဘူး။သူမ ငယ်ငယ်က ပုံလေးတွေပဲကြည့်ပြီးလွမ်း....အဲ....ကြည့်ဖြစ်ခဲ့တယ်ပေါ့။အရင်ကလိုမျိုး လိမ်တတ်သေးလား၊အငိုရော သန်သေးလား၊သိချင်မိ၏။အန်တီရှေးတို့ကတော့ ဖုန်းဆက်တိုင်း ရှေးကုသိုလ်လေး အရမ်းလိမ္မာလာကြောင်းပြောလေ့ရှိသည်။ဒါပေမယ့် ငယ်ငယ်တည်းက လိမ်တတ်တဲ့အကျင့်ရှိနေတာ၊ဗီဇကို ဖျောက်လို့ရပါ့မလား။သူ့ကိုရော အရင်ကလို ချစ်သေးရဲ့လား။

ဟူး....၉နှစ်တောင်ကြာခဲ့ပြီကို သူမလည်းမေ့လောက်ပါပြီလေ။

"အစ်ကိုကြီး!အစ်ကိုကြီးဘုန်းကံရှင်!"

တွေ့ပါပြီ၊ကျက်သတုံးကောင် ဘုန်းမင်းသစ်၊သူ့ရဲ့လက်ထောက်လေ။သူတို့မိသားစုသည် အမေရိကားရှိ အလုပ်ကိစ္စတွေရော၊ကျောင်းကိစ္စတွေပါ ပြီးပျက်လို့ မြန်မာပြည်မှာပြန်လာပြီး အခြေချကြတာဖြစ်သည်။သူ့မိဘတွေနဲ့မမကတော့ လွန်ခဲ့တဲ့၃ရက်လောက်တည်းက ကြိုပြန်သွားကြတာ​ဖြစ်သည်။ယခုလာနေသည့် ဘုန်းမင်းသစ်လည်းအပါအဝင်ပေါ့။သူက အမေရိကားက မိဘမဲ့ဂေဟာကနေ ငယ်ငယ်တည်းက မာမီတို့မွေးစားထားတာဖြစ်သည်။အမေရိကားရှိ မိဘမဲ့ဂေဟာမှာ သွားလှူတန်းတုန်းက တစ်ဉီးတည်းရှိတဲ့မြန်မာကလေးမို့လို့ သူတို့မွေးစားခဲ့ကြတာ။ဘုန်းမင်းသစ်က သူ့ထက်၃နှစ်ငယ်သည်။မွေးစားသားမို့ လက်ထောက်ရာထူးပေးထားတာမဟုတ်၊ဒီကောင်ကကိုက သူ့အစ်ကိုကြီးကိုအနီးကပ်စောင့်ရှောက်ချင်ပါသတဲ့လေ။သူကပဲ ကလေးလိုလိုနဲ့ပြောပုံကိုက။သူတို့မိသားစုတွေကတော့ တကယ့်သွေးသားအရင်းလိုချစ်ကြတာပါ။အကုန်လုံးက တရားဝင်ကိုသားအဖြစ်မွေးစားထားတာလေ။ဒါတောင် ဒီကောင်က ရှက်တာလိုလို၊အားနာတာလိုလိုနဲ့။
အခုလည်း သူ့နာမည်ပါတဲ့ဆိုင်းဘုတ်ကြီးကိုင်ပြီးအော်ခေါ်နေတာ မရှက်ဘူးလားမသိ။

ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္Where stories live. Discover now