🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀
ရှေးကုသိုလ်ဟာ ကိုကိုငယ့်ကားနဲ့ မလိုက်ခဲ့သင့်ကြောင်းကို ကိုကိုငယ်တစ်နေရာမှာရပ်ပြီး လူတစ်ယောက်ကိုဝင်ခေါ်မှသိလိုက်ရတော့သည်။
ထိုလူက Joyဆိုသည့် ပန်းချီဆရာ။"ကိုကိုငယ်ကလည်း ကားချင်းပြိုင်မောင်းနေတာကို၊ဘာလို့ရပ်လိုက်တာလဲ၊သွားပြီ....သွားပြီ....ကိုလတ်တို့ကားက ကျော်တက်သွားပြီ....ကြည့်ဉီး၊သမီးကို ကိုထွေးနဲ့ကိုငယ်က လျှာထုတ်ပြသွားတယ်တွေ့လား၊အား! စိတ်တိုလိုက်တာ....စိတ်တိုလိုက်တာ....စိတ်တိုလိုက်တာ"
ကားစ,ထွက်လာကတည်းက သူမ အစ်ကို၃ယောက်ပါသည့် ကားနဲ့ပြိုင်လာပြီး၊သူမစီးသည့်ကား ကျော်တက်သည်နှင့်လျှာထုတ်ပြရတာကအမော၊တစ်ခါ နှုတ်ခမ်းနီဆိုးလိုက်၊ပေါင်ဒါရိုက်လိုက်၊မုန့်စားလိုက်လုပ်နေတဲ့ ကဏာမငြိမ်လာတဲ့ သူမဟာ Joyလည်း ကားပေါ်ရောက်လာရော မီးကိုရေနဲ့ပက်သလိုငြိမ်းသွားရော။
နောက် သူမနဲ့ ဘယ်သွားသွား၊Joyကိုခေါ်မှ။မကျေနပ်ဘူး၊မကျေနပ်ဘူး။
ကြည့်ပါဉီး နောက်ကြည့်မှန်ထဲကနေ ရှေးကို "ဘယ်နှယ့်ရှိစ"ဆိုတဲ့ မျက်နှာပေးနဲ့ကြည့်နေတာ။
ပိုဆိုးတာက ထိုင်ခုံနေရာဖြစ်သည်။
ရှေးရောက်လာတော့
ကိုကိုငယ့်လက်ထောက် ကိုကိုဘုန်းမင်းသစ်က ရှေးထိုင်မယ့် ဘေးခုံမှာထိုင်နေတာမို့ ရှေးက
မကျေမနပ်နဲ့နောက်မှာထိုင်ရတာ။
အသားကျလို့မှမ,ကြာသေး ဘေးကို စိတ္တဇကောင်ကြီးရောက်လာပြန်ပြီ။"အိတ်ထဲမှာ ဘာတွေများပါလို့၊ကျစ်ကျစ်ပါအောင်ဆုပ်ထားရတာလဲ"
Joyက သူ့ကိုကြောက်လို့ငြိမ်နေတဲ့ ကောင်မလေးကို စ,ချင်၍မေးလိုက်သည်။
တကယ်ပဲ သူ့ကိုကြောက်လို့၊အားကိုးပြီးကိုင်ထားစရာမရှိလို့ အိတ်ကိုကိုင်ထားရတာကို သဘောမပေါက်ဘူးလား စိတ္တဇကောင်ကြီးရဲ့။"အစုံ...အေ့...အစုံပါပဲ"
လုပ်ပြီ....အဲ့အကျင့်။
ရှေးကုသိုလ်က ဘယ်လို ထူးထူးဆန်းဆန်းကောင်မလေးလည်းမသိ၊အနေရခက်ရင် ကျို့ထိုးတတ်တာတဲ့။"ဟုတ်လား၊ကိုယ့်ကို ပြပါလား"
"အေ့...ဟုတ်၊ဒါက နှုတ်ခမ်းနီ၊အေ့...ဒါက ပေါင်ဒါဘူး၊ဒါက ဘီး၊အေ့...ဒါက တစ်သျှူး၊ဒါက လက်သန့်ဆေး၊ဒါက ရှုဆေး၊ဒါက ချောကလက်၊အေ့...ဒါက ဓား"
YOU ARE READING
ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္
Romance"ချစ်လား" "မချစ်ဘူး" တစ်ခါလေးလိမ်မိသည်နှင့် လူလိမ်မလေးလို့ အမြင်ခံလိုက်ရသည့် ရှေးကုသိုလ်။ အရမ်းရှက်တတ်တဲ့ ကိုတည်ငြိမ် ဘုန်းကံရှင်။ အမြဲတမ်း "မချစ်ဘူး"လို့ငြင်းနေပေမယ့်လည်း လက်မလျှော့ဘဲ ဆက်မေးနေတဲ့ အချစ်ရူးမလေးနဲ့ စိတ်ကစားတယ်ထင်ပြီး သူ့ကိုထားခဲ့မှာကြ...