အခန်း၇၊အခန္း၇

300 17 0
                                    

🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀

အချိန်ကား ညနေ၆နာရီခန့်။ ဆူညံနေတဲ့ရန်ကုန်မြို့ရဲ့ကားလမ်းမပေါ်က တရိတ်ရိတ်ပြေးနေတဲ့ကားလေးထဲမှာတော့ အလွန်အရှက်သည်းပြီးရင်ခုန်သံမြန်နေတဲ့ကောင်လေးရယ် လိုချင်တာရလို့ဝမ်းသာနေပေမယ့် စိတ်ဆိုးသွားလို့ဝမ်းနည်းနေတဲ့ ကောင်မလေးတို့ရှိကြသည်။

"တကယ်ကလေ..."

"တိတ်"
"..."

ရှေးကုသိုလ်က ပါးစပ်ကိုဇစ်ဆွဲလိုက်သလိုလေးလုပ်ကာ ပြန်ငြိမ်သွားသည်။
မှန်တာပြောရရင် သူမ သိပ်ကိုစိတ်မထိန်းနိုင်ဖြစ်သွားခဲ့တာ၊အဲ့ဒီ လေးကိုင်းပုံစံနှုတ်ခမ်းလေးတွေကိုမြင်တဲ့အချိန်မှာ။မိုက်ရူးရဲဆန်ဆန်လုပ်လိုက်တဲ့ လုပ်ရပ်ရဲ့အကျိုးဆက်ကတော့ ကိုကိုငယ်က မခေါ်တော့တာပဲ။
နေပါဉီး...အရင်ကလည်း သူက မခေါ်ပါဘူး၊ဒါမယ့် ဒီတစ်ခါမခေါ်တာက တကယ် နေလို့မကောင်းဘူး။

"ဆင်းတော့"

ရှေးကုသိုလ်က ကားပေါ်ကအမြန်ဆင်းပြီးကာမှ ကားပြတင်းပေါက်ထဲခေါင်းဝင်ကာမေးလိုက်သည်က
"ချစ်လား"တဲ့၊သူကလည်း ရိုးရာမပျက်ပြန်ဖြေတာက
"မချစ်ဘူး"တဲ့။
________________________

ဘုန်းကံရှင် ကားကို ဂိုဒေါင်ထဲဖြစ်သလိုရပ်ကာ အိမ်ကိုဝင်ခဲ့ပြီး အိမ်ထဲရောက်တာနဲ့မီးဖိုခန်းထဲသွားကာ ရေခဲသေတ္တာထဲက ရေခဲဘူးကိုမော့သောက်ချလိုက်သည်။

ရေခဲရေဘူးက ကုန်ခါနီးပြီ၊ဒါပေမယ့် သူ့ရင်ဘတ်ထဲမှာပူနေတုန်းပဲ။ဒါက ဘယ်လိုခံစားချက်လဲ၊သူ တစ်ခါမှ မခံစားဖူးဘူး။
အဲ့အထိအတွေ့...ဟာ...ဘာတွေလဲကွာ!။

ဘုန်းကံရှင် သူ့အခန်းကိုရောက်တာနဲ့ ရေချိုးခန်းထဲဝင်ကာ အပေါ်အကျ်ီကိုချွတ်ပြီး ရေချိုးကန်ထဲဝင်ထိုင်လိုက်တော့သည်။
ရေအေးအေးကြီးတွေနဲ့ ခဏလောက်စိမ်ပြီးမှ နည်းနည်း သက်သာသွားသည်။
သူက ရေချိုးကန်ထဲက ထ,ကာ မှန်ရှေ့ရပ်ပြီး....

"ရှေးကုသိုလ် မင်းငါ့ကို ဘာကိုကြည့်ပြီးချစ်တာလဲ၊ ဒီရုပ်ရည်လား၊ဒီ ခန္ဓာကိုယ်လား ဒါမှမဟုတ် အရပ်ကိုသဘောကျတာလား"

ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္Where stories live. Discover now