အခန်း၂၂၊အခန္း၂၂

250 10 0
                                    

🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀

ရှေးကုသိုလ်သည် လေကောင်းလေသန့်ရှူချင်တာကို အကြောင်းပြပြီး သူနာပြုမလေးနဲ့အတူ ဝီးချဲလ်လေးနဲ့အပြင်ကိုထွက်လာမိသည်။ဒီနေ့ ကိုကို ရှေးကို လာခေါ်မည်ဟု ပြောထားသည်။
ခက်တာက သူနာပြုမလေးက ကိုလတ်နေမင်းရှိန်ရဲ့လက်ထောက်လူယုံမို့ ရှေးကိုအလစ်မပေးပေ။ရှေး ကိုကို့ကို ကျီးကန်းတောင်းမှောက်ရှာနေမိသည်။

ကိုကိုနဲ့မတွေ့ရတာ ၂ရက်တောင်ရှိပြီမို့ ရှေး ကိုကို့ကို အရမ်းလွမ်းနေပြီလည်း ဖြစ်သည်။
ဆိုးတာက ခြေထောက်တွေက ပြန်မကောင်းသေးလို့ လမ်းကောင်းကောင်းမလျှောက်နိုင်သေး။
ရှေးက ဆေးရုံအပြင်က ပန်းခြံလေးမှာ သူနာပြုလေးနဲ့ရှိနေတုန်း ကိုကိုဘုန်းမင်းသစ်ကိုတွေ့လိုက်သည်။
ရှေးက ချက်ချင်းပျော်သွားကာ ကိုကိုဘုန်းမင်းသစ် ရှေးဘက်ကိုကြည့်လာပါစေလို့ဆုတောင်းနေမိသည်။
ဟော...ကိုကိုဘုန်းမင်းသစ် ရှေးကိုမြင်သွားပြီ၊ရှေးက ချက်ချင်း....

"ရေ....ရေသောက်ချင်လိုက်တာ....ဆရာမ ရှေးကို ရေလေးတိုက်ပါလား"

"ခဏလေးစောင့်ပါ၊ဘယ်မှမသွားပါနဲ့"

"ဟုတ်ကဲ့ပါ၊ရှေးက ဝှီးချဲလ်ကြီးနဲ့ဟာကို"

သူနာပြုလေးထွက်သွားသည်နှင့် ကိုကိုဘုန်းမင်းသစ်အနားရောက်လာသည်။
"ကိုကိုဘုန်းမင်းသစ်....ကိုကိုရောဟင်၊သမီးကို ကိုကို့ဆီ
ခေါ်သွားပေးပါ"

"အစ်ကိုကြီးက အခု ကားနားမှာ စောင့်နေတာ၊ရော့....ဒီဉီးထုပ်ဆောင်းထား"

"မြန်မြန်သွားရအောင်လေ၊ သူနာပြုလေးပြန်မလာခင်"

ရှေးက ရှေးကုသိုလ်မှန်းသိသာစေတဲ့ဆံပင်ကောက်ကောက်လေးတွေကို စုစည်းကာထုံးလိုက်သည်။
ပြီးတာနဲ့ ကိုကိုဘုန်းကံရှင်​ပေးသည့် ဉီးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလိုက်သည်။
သိပ်မပြောင်းလဲပေမယ့်လည်း ကိုယ်စီတာဝန်တွေနဲ့အလုပ်များနေတဲ့နေရာဆိုတော့ သတိမထားမိလောက်ဘူးပေါ့။
ပိုကံကောင်းသွားတာက ရှေးတို့ ကိုကိုရှိတဲ့ကားဆီလာနေတုန်း ဆေးရုံကို အရေးပေါ်လူနာတွေရောက်လာတော့ ဆရာဝန်တွေ၊သူနာပြုတွေအလုပ်များသွားလို့ဖြစ်သည်။
ပြေးလွှားပျာယာခပ်နေကြတာမို့ ရှေးတို့ကိုသတိမထားအားပေ။
ကားဆီရောက်တာနဲ့ မြင်လိုက်ရသည့်ကိုကို့မျက်နှာက သနားစဖွယ်။ရှေးရဲ့ အစ်ကိုတွေထိုးထား၍ လက်တွေမှာပတ်တီးတွေစည်းထားတဲ့အပြင် မျက်နှာမှာလည်းညိုမဲစွဲလို့။
နှုတ်ခမ်းကပေါက်ထားပြီး နှာခေါင်းမှလည်း ပလာစတာအသေးလေးကပ်ထားသည်။
ကိုကိုက ရှေးကို ချက်ချင်း ဖက်လိုက်ကာ....

ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္Where stories live. Discover now