.🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀
"မုန်တိုင်းလာပြီးနောက် လေပြေလာတတ်သည်"
ဆိုသည့် စကားမှန်သည်။
ရှေးရဲ့ ဇွဲမလျှော့တဲ့ ကြိုးစားမှုတွေကြောင့် ရေခဲတုံးကြီးလည်း အရည်ပျော်လို့ အခုဆို ကိုကိုက ရှေးရဲ့ တစ်ဉီးဆိုင်နာမ်လူသားလေးပင်ဖြစ်နေပြီဖြစ်သည်။
နောက်ပြီး
ရှေးက ဘွဲ့လည်းရပြီးပြီ၊(လင်လည်းရပြီးပြီ)မို့ အားအားယားယား ယောကျ်ားလုပ်စာထိုင်မစားချင်၊ဝါသနာပါတာလေး တစ်ခုခုလုပ်မည်ပြောတော့ ကိုကိုကလည်း လက်ခံတာမို့ ရှေးနဲ့ကိုက်မယ့် လုပ်ငန်းတစ်ခုကို မမဝှိုက်၊ရည်မွန်သူတို့နဲ့အတူ ပေါင်းကာ လုပ်နေပြီဖြစ်သည်။
အဲ့တာကတော့ ရှေးရဲ့အစ်ကိုအကြီးဆုံးပိုင်တဲ့ SUN Shopping Center မှာ
For Women,For Girls ဆိုတဲ့နာမည်နဲ့ဖက်ရှင်ဆိုင်ဖွင့်ထားတာဖြစ်သည်။
ရည်မွန်သူကတော့ မမဝှိုက်ဆီကနေ ဒီဇိုင်းပညာတွေကို ရေကုန်ရေကန်းသင်ကာ ဒီဇိုင်နာပေါက်စ,လေးပင်ဖြစ်နေလေပြီ၊ရှေးကတော့ ဒီဇိုင်နာအလုပ်ကိုဝါသနာမပါပေမယ့် အဝတ်အစားတွေကို ဖက်ရှင်ပုံစံအသစ်ဖြစ်အောင်ထွင်ရတာကိုကြိုက်သည်။ရှေးကိုယ်တိုင်လည်း ထူးထူးဆန်းဆန်းတွေဝတ်သည်ပဲ။
ဂျင်းပန်အပေါ်ကနေ Floral ဂါဝန်ရှည်ကြီးထပ်ဝတ်တာတို့၊ Ball gownကို Mary Jane နဲ့တွဲစီးတာတို့။
ရှေးကတော့ ဆိုင်ရဲ့အကြည်ဓာတ်လေး။မမဝှိုက်နဲ့ရည်မွန်သူက ဖက်ရှင်ကိုတာဝန်ယူရင် ရှေးက အရောင်းပိုင်းနဲ့ငွေကြေးပိုင်းကိုတာဝန်ယူထားသည်။
ရှေးတို့ဆိုင်မှာ အဝတ်အစား၊ဖိနပ်၊အိတ် အမျိုးသမီးအသုံးအဆောင်တွေအကုန်ရှိသည်။ပြီးတော့မိတ်ကပ်ပစ္စည်းတွေ၊Skin careတွေ၊ရေမွေးတွေလည်းရှိသည်။နာမည်ကြီးတံဆိပ်တွေ၊အကန့်အသတ်နဲထုတ်တဲ့ Brand တွေထိပါရှိသည်။
ဝန်ထမ်းတွေကိုလည်း မိန်းခလေးတွေကိုသာ ခန့်ထားသည်။
ရှေးကတော့ သူဌေးလို့အခေါ်ခံရတာကို သဘောကျနေသည်။
ဆိုင်ကလည်း ဖွင့်တာမကြာသေးဘူး၊ရောင်းကောင်းတာမှ ဝက်ဝက်ကွဲပင်။ရှေးရဲ့ဖက်ရှင်တွေက အရင်ကတည်းက အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပြီးသားမို့ အခုလို ဖက်ရှင်ဆိုင်လည်းဖွင့်ရော ဝယ်သူတွေက နေ့တိုင်းကိုလာနေတော့တာ။ဆိုင်ကို လာလေ့လာတဲ့လူတွေတောင် ပါးချိုင့်လေးပါတဲ့ အပြောချိုချိုကောင်မလေး
ရဲ့ ချစ်စရာအပြောတွေမှာမြောပြီး ဘာမှမဝယ်ဘဲကိုမနေနိုင်ကြတော့တာ။White Daisy ကလည်း အောင်မြင်တဲ့ကမ္ဘာကျော်ဒီဇိုင်ပဲလေ၊ရည်မွန်သူကလည်း အလားအလာရှိတဲ့ တက်သစ်စ,ဒီဇိုင်နာ
သူမတို့တွေပေါင်းပြီး ဖွင့်ထားတဲ့ဆိုင်က မိန်းကလေးတိုင်းရဲ့ပါးစပ်မှာရေပန်းစားတာ မဆန်းပါဘူး။
မနက်ကတော့ ဆိုင်ဖွင့်ပွဲလုပ်ပြီးပြီမို့ ဒီညကတော့ ပါတီလုပ်မှာဖြစ်သည်။ ရှေးက ပြင်ဆင်ပြီးတာနဲ့ ဆိုင်ကိုသွားဖို့အောက်ထပ်ဆင်းလာလိုက်တော့
အောက်ထပ်မှာ လက်ချင်းအချိတ်ခံပြီး ပွဲတူတူတက်ပေးမယ့် သူက အဆင်သင့်ပင်ဖြစ်နေပြီ။
သူက အနက်ရောင်suitနဲ့အပြတ်သားနားနေကာ မျက်မှန်အကြည်လေးကလည်းတပ်ထားသေးသည်။
YOU ARE READING
ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္
Romance"ချစ်လား" "မချစ်ဘူး" တစ်ခါလေးလိမ်မိသည်နှင့် လူလိမ်မလေးလို့ အမြင်ခံလိုက်ရသည့် ရှေးကုသိုလ်။ အရမ်းရှက်တတ်တဲ့ ကိုတည်ငြိမ် ဘုန်းကံရှင်။ အမြဲတမ်း "မချစ်ဘူး"လို့ငြင်းနေပေမယ့်လည်း လက်မလျှော့ဘဲ ဆက်မေးနေတဲ့ အချစ်ရူးမလေးနဲ့ စိတ်ကစားတယ်ထင်ပြီး သူ့ကိုထားခဲ့မှာကြ...