အခန်း၃၊အခန္း၃

385 18 0
                                    

🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀

"မာမီ!မာမီ!မာမီရေ!"

"ဟဲ့!ဟဲ့!....သမီး....ဘယ်လိုဖြစ်လို့အော်ကြီးဟစ်ကျယ်ဖြစ်နေတာတုန်း"

မာမီသည် ကြက်မွှေးကိုကိုင်ကာပြေးထွက်လာသည်။
မာမီက နိုင်ငံကျော်အကယ်ဒီများရှင်မင်းသမီးကြီးဖြစ်ခဲ့ပြီး အခုလိုအသက် ၄၀ ကျော်အရွယ်၊လှပနေတုန်းအရွယ်မှာတောင် အနုပညာအလုပ်တွေကို မလုပ်တော့ဘဲ
အိမ်ရှင်မကောင်းပီသအောင်နေသူဖြစ်သည်။
ဖွားဖွားကလည်း ပုတီးစိပ်နေရာမှရပ်ကာ မေးသည်။

"ဘာဖြစ်လာပြန်ပြီလဲ"

"မာမီ....ကိုကိုငယ်ပြန်ရောက်ပြီလား"

ရှေးက တိုးတိုးလေးမေးလိုက်သည်။

"ဟမ်"

"ကိုကိုငယ်....ရောက်နေပြီလားလို့"

"မာမီ....မကြားရဘူး"

"မေးမနေနဲ့....မာမီနဲ့ဖွားရေ၊ကိုဘုန်း ရောက်ပြီလားမေးနေတာ"

"တိုးတိုးပြောပါဆို"

ရုံးကနေပြန်လာသည့် ရှေ့နေပေါက်စ
ကိုထွေးနေရဲတိုက်က အကျယ်ကြီးပြောသည်မို့ အရပ်မ,မှီပေမယ့်လည်း ပါးစပ်ကိုအတင်းလိုက်ပိတ်ရသည်။
ဟိုက နားအရမ်းပါးတာ၊ကြားသွားတော့မှ သူ့ကိုစိတ်ကောက်ပြေပြီထင်ပြီး
မ,ချော့ရင် ဘယ်နှယ့်လုပ်မလဲ။

"ရှေးတို့များနော်....ကိုလတ်နိုင်ငံခြားကပြန်လာတုန်းကတောင်အဲ့လောက်မပျော်ဘူး"

ဆရာဝန်ဖြစ်သည့် ကိုလတ်နေမင်းရှိန်ကအူတိုစွာပြောသည်မို့ သွားဖြဲပြကာမျက်နှာချိုသွေးရတော့သည်။ဂျူတီကုတ်လေးနဲ့ဆေးအိတ်ကိုအပြေးယူရင်း....

"ဒီညီမလေးက အစ်ကို၄ယောက်လုံးကိုပဲအချစ်ဆုံးပါ"

ဟုပြောသွားသေးသည်။
အစ်ကိုအကြီးဆုံးဖြစ်တဲ့ ကိုကြီးနေသဏ္ဍာန်ကတော့ သူ့ကိုယ်ပိုင် Sunဆိုသည့် အမည်နှင့်ကုမဏီရှိပြီး
White Daisy
(ဒေစီဖြူဖြူ)ဆိုတဲ့ နာမည်ကြီးဖက်ရှင်
ဒီဇိုင်နာမမနဲ့လက်ထပ်ထားတာ မနှစ်ကမှ၊ဒါပေမယ့်
အမွှာသားလေးနဲ့သမီးလေးကိုမွေးထားပြီးပြီ။
ရှေးကုသိုလ်ကတော့ အခုလောလောဆယ် ရေမိုးချိုးကာ ပါးပါးကြည်ကြည်lookလေးပြင်၊ချည်သားဒူးဖုံးဂါဝန်အပြာနုလေးကိုဝတ်လိုက်သည်။သူမအကြိုက်ဆုံး Mary jane shoesအနက်ရောင်ခွာမြင့်မြင့်ဖိနပ်လေးကို အနားမှာဇာအတွန့်လေးတွေပါသည့်ခြေအိတ်လေးနဲ့ဝတ်လိုက်သည်။
ဆံပင်လေးကိုလည်း ဒီအတိုင်းချကာ ကြယ်ပြားပုံစံ သံကလစ်ရောင်စုံသေးသေးလေးတွေနှင့် ဟိုနားတစ်ခု၊ဒီနားတစ်ခုတပ်လိုက်သည်။
ပြီးမှ ပစ္စည်းတိုလီမုတ်စ,လေးတွေ အမျိုး၂၀လောက်ပါသည့် အိတ်ကြီးကြီးလေးကိုလွယ်ကာ မှန်ရှေ့မှာ တစ်ချက်ကြည့်ပြီး အိုကေပြီဆိုမှ ရေမွှေးလေးဆွတ်ကာ ထွက်လာလိုက်သည်။သွားစရာရှိသည်ကိုး။သူမ ဆံပင်သည် မွေးရာပါပုံစံကိုက Harry Potterဇာတ်ကားထဲက Hermione Grangerလို ကောက်ကောက်ဖောင်းဖောင်းလေးဖြစ်တာမို့လို့ အညိုရောင်လေးသာဆိုးလိုက်ရင် Hermione၏ ဆံပင်ပုံစံနှင့် တကယ်တူသွားမှာဖြစ်သည်။ဒါကြောင့် Tryကြည့်ချင်သည်။
မသွားခင် နှစ်ပေါင်းများစွာ  လွမ်းနေခဲ့ရသည့် ငါချစ်ကြူးကြီးကို အလွမ်းပြေ  ကြည့်ချင်၍ ဟိုဘက်အိမ်သို့ ချီတက်လာလိုက်သည်။
လူခေါ်ဘဲလ်တီးလိုက်သည်နှင့်ကိုကိုဘုန်းမင်းသစ်က တံခါးလာဖွင့်ပေးသည်။

ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္Where stories live. Discover now