အခန်း၆၊အခန္း၆

304 16 1
                                    

🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀

"သိတယ်မလား၊အဲ့ကုမဏီကဖွင့်ပွဲဒင်နာ မနက်ဖြန်ညလုပ်မှာတဲ့၊ငါ့ ဒယ်ဒီက အဲ့ကရှယ်ယာဝင်လေ၊ဆိုတော့ ငါတို့မိသားစုပွဲတက်ရမှာ"

"အားကျတယ်ဟယ်၊ဒါဆို ယွန်းမီက ပွဲမှာတင် ဉီးဘုန်းကံရှင်ကို ချဉ်းကပ်လို့ရတာပေါ့နော်"

"ဒါပေါ့ ယွန်းမီ မိဘတွေကလည်း မှာထားတယ်လေ၊ပြီးတော့ ယွန်းမီက လှတယ်မလား၊ကိုဘုန်းကို ပစ်ကြွေသွားအောင်ဆွဲဆောင်ခဲ့မှာ"

ရှေးက ဘေစင်မှာကြားနေရတဲ့စကားသံတွေကြောင့် Toiletခန်းထဲကနေထွက်လာရင်း မဲ့ရွဲ့လိုက်မိသည်။

"ဝေါ့...ဝေါ့...ဘယ်သူတွေများ Toilet သုံးပြီးရေမသုံးလည်းမသိဘူး၊နံလိုက်တာ ဝေါ့ဝေါ့"

ရှေးက ယွန်းမီတို့ဘက်ကိုကြည့်ကာ လုပ်ပြလိုက်တော့ ယွန်းမီနဲ့သူ့သူငယ်ချင်းက ဒေါသထွက်သွားပုံရသည်။

ဘယ်သူများလဲလို့ ကိုရီးယားမေဂျာကQueen ရှေးကုသိုလ်ကိုး၊သူ့ကြောင့် ယွန်းမီက Princessပဲရခဲ့တာ၊သူက ဘာတွေများသာနေလို့လဲ။အလကား...ထူးထူးဆန်းဆန်း ဖက်ရှင်တွေဝတ်တတ်တာနဲ့ပဲ နာမည်ကြီးရတယ်လို့၊ ဆံပင်ကိုလည်း ထူးထူးဆန်းဆန်း ဉီးထုပ်တွေ၊ ကလစ်တွေ၊ဖဲပြားဘီးကုပ်ကြီးတွေကိုလည်း တပ်တတ်သေးသည်။လက်ကောက်တွေ၊ဆွဲကြိုးတွေက အရောင်စုံ၊ဒါကိုပဲ သဘောကျပြီး လိုက် cloneတဲ့မိန်းမတွေက သပ်သပ်ကိုရှိသည်။
ယောကျ်ားလေးတွေကလည်း "အဲ့လိုလေး ရှုပ်နေတာလေးကိုက ချစ်ဖို့ကောင်းနေတာ"တဲ့။

ကြယ်ပုံစံ လွယ်အိတ်ကြီးနဲ့ ရေဘူးအကြီးကြီးနဲ့၊
အားနေရင် မီနီပန်ကာ တ,ကိုင်ကိုင်၊ပေါင်ဒါ တ,ဖတ်ဖတ်နဲ့ ဘာဖြစ်ဖြစ် အကဲပိုလွန်းသည်မို့ အမြင်ကပ်သည်။

"အပျိုလေး တန်မဲ့ ပျို့နေတာလား၊စစ်ဆေးကြည့်ဉီး"

ယွန်းမီက ရှေး အရှက်ကွဲအောင်ပြောလိုက်ပေမယ့် ရှေးက သူမတို့နားကပ်လာကာ....

"ဟယ်...ဘယ်လိုသိသွားတာလဲ ၃လရှိပြီ၊အဖေကတော့ ဘုန်းကံရှင်တဲ့၊သူများတွေ မသိစေနဲ့"

ဟုပြောကာ ထွက်သွားတော့သည်။ယွန်းမီမှာ ဒေါသပိုထွက်သွားသည်မို့ လက်သီးဆုပ်ကာ အံကျိတ်ရုံပဲတတ်နိုင်ခဲ့တော့သည်။

ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္Where stories live. Discover now