🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀
ဘုန်းကံရှင်တစ်ယောက် သဝန်တိုကာ စိတ်ဆိုးပြီး ရှေ့ကနေ ဘောက်ဆတ်ဘောက်ဆတ်သွားနေသည့် သူ့ရဲ့ချစ်မဝတဲ့ အကောင်ပေါက်လေးကို အနောက်ကနေလိုက်ချော့နေရသည်။
သူမပဲ shoppingထွက်မယ်ဆိုလို့ mallကိုလာတာကို ဘာအလိုမကျပြန်ပြီလဲမသိ။"ရှေးးး"
"ဘာလဲ"
"အမလေး!လန့်လိုက်တာဗျာ၊ခင်ဗျားလေးကလည်း စိတ်ကြီးပဲ"
"စိတ်ကြီးလို့ မချစ်ချင်လည်း မချစ်နဲ့ပေါ့"
"ချစ်ပါတယ်ဗျာ၊စိတ်မကောက်ပါနဲ့တော့"
"ရင်ပူတယ်၊တကယ် ဒီရုပ်အရမ်းချောနေတဲ့ ယောကျ်ားတစ်ယောက်ရတာကလည်း တကယ့် ရင်ပူစရာ"
"ကရင်းပတ်ဖ်ဗူးယူဉီးမလား၊မီနီပန်ကာ ယူမလား"
"မရွဲ့နဲ့နော်"
"ရွဲ့ရဲပါဘူး၊ကြောက်တယ်လို့"
ရှေးက ရေမွေးဆိုင်ရှေ့ရောက်တော့ ဆိုင်ထဲက ကောင်မလေးတွေက
ရေမွှေး ဝယ်နေရာကနေရပ်ကာ ကိုကို့ကိုငေးနေကြသည်။မဖြစ်ဘူး၊ဒီရေမွှေးဆိုင်ရှေ့ကနေ အမြန်သွားမှ။
"ကိုယ်လည်း ရေမွှေးလေးဘာလေးဝယ်ဉီးမယ်"
ရှေးက အံ့ဩသွားသည်။သူ့ကို သဝန်တိုလို့ ဒီကနေအမြန်သွားပါမယ်ဆိုမှ၊ဒင်းက ရေမွှေး ဝယ်မယ်လုပ်နေသည်။
"မြန်မြန်ဆန်ဆန် ဝယ်ပြီး၊မြန်မြန် ပြန်မယ်"
"ရှေးကလည်း ဘာတွေလောနေတာလဲ၊အလုပ်လည်းအားနေ...."
"ကို....ကို!"
"ကောင်းပါပြီခင်ဗျ၊မြန်မြန်ဝယ်ပါ့မယ်ဗျ"
ထိုကဲ့သို့ပြောပြီး ဆိုင်ထဲက ရေမွှေးတိုင်းကို အနံ့ရှူလိုက်၊ကော်ဖီစေ့ရှူလိုက်လုပ်နေတာက စိမ်ပြေနပြေ။
ဆိုင်ထဲက မိန်းကလေးတွေကလည်း ငမ်းနေလိုက်ကြတာ။
သူတို့ပဲ အရင်ကတော့ စိတ္တဇကောင်ဆိုပြီး ဝေဖန်ခဲ့ကြသေးသည်။အခုကျတော့ psycho boyလေးတွေက အရမ်းချစ်တတ်ပြီး သစ္စာမဖောက်တတ်ဘူးဆိုပြီး ကိုကို့ကို ပြန်အကောင်းမြင်လာကြတော့သည်။တတ်လည်းတတ်နိုင်တဲ့ မိန်းမတွေ။
ဘုန်းကံရှင်က သဝန်တိုပြီး စိတ်မရှည်ဖြစ်နေသည့် အမူအယာလေးကို ချစ်တာကြောင့် တမင်တကာ ရေမွှေးကို အချိန်ဆွဲပြီးရွေးနေလိုက်သည်။
YOU ARE READING
ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္
Roman d'amour"ချစ်လား" "မချစ်ဘူး" တစ်ခါလေးလိမ်မိသည်နှင့် လူလိမ်မလေးလို့ အမြင်ခံလိုက်ရသည့် ရှေးကုသိုလ်။ အရမ်းရှက်တတ်တဲ့ ကိုတည်ငြိမ် ဘုန်းကံရှင်။ အမြဲတမ်း "မချစ်ဘူး"လို့ငြင်းနေပေမယ့်လည်း လက်မလျှော့ဘဲ ဆက်မေးနေတဲ့ အချစ်ရူးမလေးနဲ့ စိတ်ကစားတယ်ထင်ပြီး သူ့ကိုထားခဲ့မှာကြ...