🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀
"ငါတောင်းပန်ပါတယ်ဟာ၊ကိုကိုနဲ့ငါ့ ကိစ္စကို လူကြီးတွေကိုမပြောပါနဲ့နော်၊လူကြီးတွေသာ သိသွားရင် ကိုကိုနဲ့ငါ့ကို ခွဲကြလိမ့်မယ်"
"ရှေး နင် သူ့ကိုကြောက်လို့ ထွက်ပြေးလာတာမဟုတ်ဘူးလား"
"ဟုတ်ပေမယ့်....ငါသူ့ကိုချစ်နေတုန်းပဲ၊ငါ့ကိုငါလည်း အံ့ဩမိတယ်၊ငါ့ အရှက်တွေကွဲခဲ့တာတောင်မှ၊ငါ့ အသက်အန္တရာယ်ကိုထိခိုက်လာနိုင်တာတောင်မှ....ငါ သူ့ကိုမမုန်းနိုင်သေးဘူးဟာ"
အားလုံးက ရှေးကိုသနားတာကြောင့် ဒီပြသနာကို ရှေးမိဘတွေကိုအား ပေးမသိပါဘူးလို့ကတိပေးလိုက်ရတော့သည်။
________________________"Joy....ရှေးကို အရေးတကြီးပြောချင်တဲ့ကိစ္စက ဘာများလဲ"
Joyသည် သိသိသာသာချောင်ကျသွားသည့် ရှေးကုသိုလ်၏ မျက်နှာလေးကိုကြည့်ကာ သက်ပြင်းချလိုက်ပြီးမှပြောသည်။
"ကိုယ် အခုပြောပြမှာတွေကို ရှေး သေချာအာရုံသိုက်နားထောင်စေချင်တယ်"
"ပြောပါ....Joy၊ရှေး သေချာနားထောင်ပေးပါ့မယ်"
"ပထမဆုံးအနေနဲ့ ရှေးရဲ့မွေးသက္ကရာဇ်ပြောပြပါ"
"ရှေးရဲ့မွေးသက္ကရာဇ်ကို ဘာလို့...."
"မေးခွန်းတွေ မမေးပါနဲ့ရှေး"
"၂၀၀၆ခု၊ဇူလိုင်လ၁ရက်နေ့"
"ပြီးတော့ ရှေးရဲ့နဖူးက အမှတ်အသားနဲ့ပုံစံတူတဲ့ အမာရွတ်တစ်ခု ရှေးရဲ့ညာဘက်ရင်ညွှန့်မှာရှိတယ်....ဟုတ်လား"
ရှေးသည် ပါး၂ဖက်ဖြန်းကနဲ ရဲတွတ်သွားကာ ကိုယ့်ရင်ဘတ်ကိုပြန်အုပ်မိသည်။
သူက ဘယ်လိုလုပ်သိနေရတာလဲ။"ရှိလား၊မရှိဘူးလားပဲဖြေပါ....ရှေး"
"ရှိ....ရှိတယ်"
"အဲ့တာဆို ရှေးကို ပုံပြင်လေးတစ်ပုဒ်ပြောပြပေးမယ်....ရှေးနားထေင်ပေးပါ"
ရှေးသည် Joyဘာတွေလုပ်နေလဲ နားမလည်ပေမယ့် မထူးပြီမို့ နားထောင်ဖို့သာဆုံးဖြတ်လိုက်သည်။
သူ့မှာလည်း သူ့ကိစ္စနဲ့သူရှိလို့နေမှာပေါ့။
_______________________
YOU ARE READING
ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္
Romance"ချစ်လား" "မချစ်ဘူး" တစ်ခါလေးလိမ်မိသည်နှင့် လူလိမ်မလေးလို့ အမြင်ခံလိုက်ရသည့် ရှေးကုသိုလ်။ အရမ်းရှက်တတ်တဲ့ ကိုတည်ငြိမ် ဘုန်းကံရှင်။ အမြဲတမ်း "မချစ်ဘူး"လို့ငြင်းနေပေမယ့်လည်း လက်မလျှော့ဘဲ ဆက်မေးနေတဲ့ အချစ်ရူးမလေးနဲ့ စိတ်ကစားတယ်ထင်ပြီး သူ့ကိုထားခဲ့မှာကြ...