အခန်း၂၀၊အခန္း၂၀

244 11 0
                                    

🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀

Joyသည် ရှေးပျောက်သွားပြီး ရည်မွန်သူအရိုက်ခံရသည့် သတင်းကိုကြားကြားခြင်း ရှေးတို့အိမ်သို့ရောက်လာခဲ့သည်။
သို့သော် ပေါ်ပေါ်ထင်ထင်လာခြင်းမဟုတ်ဘဲ၊ခိုးကြောင်ခိုးဝှက်လာခြင်းဖြစ်တာမို့ အလွန်မြင့်မားသည့် ခြံတံခါးအုတ်ရိုးကြီးကိုကုတ်ဖက်တက်လာခဲ့သည်။
သူရောက်သည့်နေရာသည် ရှေးတို့အိမ်ဘေးဘက်တံခါးပေါက်နေရာဖြစ်တာကြောင့် အိမ်ထဲတွင် ဘုန်းကံရှင် ရှိ၊မရှိ စစ်ဆေးကာ မရှိမှ ခိုးဝင်လာလိုက်သည်။
အစီအစဉ်သေချာချထားသည့်အတိုင်း Joyက အိမ်ထဲတွင် ဘုန်းကံရှင့်ကိုရှာနေရင်း အပေါ်ထပ်ရောက်လာသည်။

"အဟင့်ဟင့်!သမီး....ကြောက်လို့ပါ....ဟီးဟီး....အဲ့လိုမလုပ်ပါနဲ့!....သမီး ခြေထောက်တွေကို မဖြတ်ပါနဲ့!၊ကိုကို အကြောတွေဖြတ်ထားပြီးပြီလေ....မဖြတ်ပါနဲ့နော်"

"ရိုက်ထားတဲ့ဒဏ်ရာတွေပြန်ကောင်းသွားရင်....မင်းက ပြန်ထွက်ပြေးမှာမလား၊အဲ့တော့ မင်းမှာ ခြေထောက်တွေ ရှိမနေရဘူး၊ခြေထောက်တွေ မရှိလည်း....ကိုယ်က ချစ်ပါတယ်"

ရှေးသည် မိမိကိုယ်ကို အတော်လေးအံ့ဩနေမိသည်။ဒီလောက် အရိုက်ခံရတာတောင်၊ရေကန်ထဲနစ်ခံထားရတာတောင် အသက်ရှင်နေသေးလို့။ဒါပေမယ့် အခု ကိုကိုက ရှေးကိုကြိုးတုပ်ထားကာ ပုဆိန်ကြီးတစ်လက်ကိုင်ပြီး ရှေးခြေထောက်တွေကိုဖြတ်ပစ်ဖို့လုပ်နေသည်။ရှေး အရမ်းကြောက်သည်။ရှေး ဒီလိုနဲ့ သေရတော့မှာလား.....။
ကိုကို့လက်သည် အမြင့်ကြီးကိုမြောက်တက်သွားပြီး ရှေးခြေထောက်ပေါ်သို့ကျလာသည်။

"ဒုန်း!!!"

"အားးးးး!!!"

ရှေးသည် မျက်စိစုံမှိတ်ပြီးအော်လိုက်ပေမယ့် နာကျင်မှုတစ်စုံတစ်ရာကို မခံစားရပေ။
မယုံနိုင်၍မျက်စိဖွင့်ကြည့်တော့ ပုဆိန်ကြီးကား ကြမ်းပြင်ပေါ်တွင်စိုက်နေကာ ကိုကိုက မေ့လဲကျနေသည်။
ပြီးတော့ Joy။Joyသည် ကိုကို့လည်ပင်းတွင်စိုက်နေသည့် ဆေးထိုးအပ်ကို အဆုံးထိထိုးသွင်းပြီး ကြိုးတွေတုပ်နေပြီး ခဏအကြာ အရေးပေါ်အချက်ပေးသံတွေနှင့်အတူ ရဲတွေရောက်လာပြီး သတိမေ့နေသည့် ကိုကို့ကို ခေါ်သွားကြတော့သည်။
ရှေးကိုလည်း Joyက ပွေ့ချီကာ ဆေးရုံကို ခေါ်လာတော့သည်။
(ဤတွင် ဘုန်းကံရှင်၏အမှောင်ဘက်ခြမ်းပြီး၏။😅)
________________________

ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္Where stories live. Discover now