🎀ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်🎀
"တောက်ခ်!ဒီလောက် ဖြစ်ထားတာတောင် အဲ့ကောင်က ရှေးအနားကိုလာရဲသေးတယ်၊ရှေး အဲ့ကောင်ညီမလေးကို ဘာလုပ်သွားသေးလဲ"
"ကိုကိုက...."
"ရှေးကုသိုလ်!နင် အခုထိ အဲ့ကောင်ကို ကိုကိုလို့ခေါ်နေသေးတာလား"
"သူက သမီးကို ဘာမှမလုပ်ခဲ့ပါဘူးကိုကိုက အရင်လိုပြန်ဖြစ်နေပြီ၊သူက ရှေးကိုလာခေါ်တာ၊ကိုထွေးတို့က ဘာလို့ အတင်းဝင်ထိုးတာ၊ရှေးက ကိုကိုနဲ့လိုက်သွားမလို့လေ၊ရှေး ကိုကိုနဲ့မခွဲနိုင်ဘူး၊ကိုထွေးတို့က ရှေးကိုသေအောင်သတ်နေတာ သိလား၊သူ့ကို နာကျင်အောင်လုပ်ရင် ရှေးလည်း ထပ်တူခံစားရတယ်ဆိုတာ သိရဲ့သားနဲ့၊အခုတော့ သူ ဒဏ်ရာတွေရသွားပြန်ပြီ"
နေရဲတိုက်အပါအဝင် ရှေးမိဘ၂ပါးရော၊ရှေး သူငယ်ချင်းတွေပါ အံ့ဩကုန်ကြသည်။
ဒီလောက် အဖြစ်အပျက်ကြီးဖြစ်ပြီးတာတောင် ရှေးက ဘုန်းကံရှင်ကို ကာကွယ်ပေးနေသေးတာလား။
အချစ်ဆိုတာ အဲ့လိုမျိုး ကိုယ့်ကိုထိခိုက်အောင် လုပ်တဲ့လူကိုတောင် ခွင့်လွတ်ပေးနိုင်တဲ့အထိ တန်ခိုးကြီးသလား?။"သမီးကို တကယ် ချစ်ရင်၊ကိုကို့ကို ထပ်ထိခိုက်အောင်မလုပ်ပါနဲ့၊အခု ဖြစ်တဲ့ကိစ္စကိုကြည့်ရင် ကိုကိုက သမီးကိုချစ်လွန်းလို့ဖြစ်သွားတာမှန်းအသိသာကြီးပဲ...."
"တိတ်စမ်း! ရှေးကုသိုလ်!နင့်ကို အဲ့ကောင်နဲ့ဆက်မပေါင်းခိုင်းနိုင်ဘူး၊စိတ်မထင်ရင် မထင်သလို ထ,ရိုက်နေရင်ဘယ်လိုလုပ်မလဲ!နင့် အသက်အန္တရာယ်ရှိတယ်"
နေမင်းရှိန်ကပြောတာဖြစ်သည်။
ရှေးကတော့ ကိုကို့ကိုပဲ သနားနေသည်။
သူ ကြောက်ဖို့မကောင်းတော့ပါဘူး၊ရှေး ချစ်တဲ့ ကိုကိုပြန်ဖြစ်နေပြီ၊ရှေးကို ရူးနေတယ်ပဲပြောပြော၊သေမှာ မကြောက်ဖူးပဲပြောပြော၊ရှေးကတော့ ကိုကို့နဲ့ပဲနေမှာ။
________________________"ကိုကြီး ရှေးနဲ့ဟိုကောင့်ကို ဘယ်လိုလုပ်မှာလဲ၊ရှေးက လုံးဝ ကွာရှင်းမှာမဟုတ်ဘူး၊ကျွန်တော်ကတော့ ညီမလေးကို စိတ္တဇကောင်နဲ့အတူတူမနေခိုင်းနိုင်ဘူး၊ရအောင်ခွဲမှာ"
YOU ARE READING
ဘုန်းကံရှင်ရဲ့ရှေးကုသိုလ်၊ဘုန္းကံရွင္ရဲ႕ေရွးကုသိုလ္
Romantizm"ချစ်လား" "မချစ်ဘူး" တစ်ခါလေးလိမ်မိသည်နှင့် လူလိမ်မလေးလို့ အမြင်ခံလိုက်ရသည့် ရှေးကုသိုလ်။ အရမ်းရှက်တတ်တဲ့ ကိုတည်ငြိမ် ဘုန်းကံရှင်။ အမြဲတမ်း "မချစ်ဘူး"လို့ငြင်းနေပေမယ့်လည်း လက်မလျှော့ဘဲ ဆက်မေးနေတဲ့ အချစ်ရူးမလေးနဲ့ စိတ်ကစားတယ်ထင်ပြီး သူ့ကိုထားခဲ့မှာကြ...