ကိုယ်တိုင်သတိမထားမိလိုက်တဲ့အချိန်မှာပဲလူတစ်ယောက်ကိုချစ်မိသွားခဲ့တယ်။ သူ့ကိုချစ်တယ်ဆိုတာသူဖြစ်နေလို့ကိုချစ်တာမျိုးပါ။ သူ့ကိုပျော်ရွှင်စေချင်တယ် ၊ ကံကောင်းစေချင်တယ်။ သူနဲ့ပတ်သက်တဲ့အရာဆိုအေသးအဖွဲေလးကအစတန်ဖိုးထားတယ်။ အချစ်ဆိုတာလုပ်ယူလို့ရတဲ့အရာမဟုတ်လို့ကိုယ်ချစ်တဲ့သူကကိုယ့်ကိုပြန်မချစ်နိုင်ဘူးဆိုရင်လည်းလက်ခံနိုင်ပါတယ်။
လွန်ခဲ့သော ၅နှစ်ခန့်ဆီသို့
ဒေါက် ဒေါက် ဒေါက်......
" ဆူး သမီးလေးထတော့လေ။ ကျောင်းသွားရတော့မယ် "
" ဟာ...... မာမီကလည်းအခုမှ၆နာရီခွဲပဲရှိသေးတာကို။ ဆူးခနအိပ်ဦးမယ်နော် "
" ဒီနေ့ကျောင်းဖွင့်ရက်လေသမီး။ ငါ့သမီးလေးကဆက်အိပ်ချင်ေသးတယ်ဆိုတော့လည်းဆက်အိပ်ပေါ့ကွယ်။ တစ်ချို့လူတွေကတော့ စောစောရောက်ရင်ရောက်နေမှာပေ့့ါကွယ် "
" မာမီ................ "
" အမလေးလေး နားတွေလည်းပင်းကုန်တော့မှာပဲဟယ် "
" အဲ့လိုမစပါနဲ့ဆိုမာမီကလည်း "
" ဒေါ်ဆူးနှင်းဆီလေးကအဲ့လိုမှမပြောရင်အိပ်ယာထမှာမဟုတ်ဘူးလေ။ ဟုတ်တယ်မလား "
" တော်ပြီ တော်ပြီ .... မာမီနဲ့မပြောတော့ဘူး။ ရေသွားချိုးတော့မယ် "
" ရေချိုးပြီးရင်အောက်ထပ်မှာမနက်စာလာစား။ မာမီ အဆင်သင့်ပြင်ထားတယ်နော်သမီး "
" ဟုတ်မာမီ "
သမီးေလးမမွေးခင်အထိဒေါ်မာလာနှင်းဆီကကျောင်းဆရာမတစ်ယောက်ပါ။ သူမကလူငယ်အရမ်းမဆန်ပေမယ့်ေရှးရိုးစွဲသူလည်းမဟုတ်ပါ။သူမသမီးကိုလည်းလွတ်လပ်မှုေပးထားသလိုကိုယ့်မှာရှိတဲ့အရာေတွကိုတန်ဖိုးထားတတ်အောင်လည်းသင်ပြပေးတဲ့အမေတစ်ယောက်ပါ။ သူမသမီးကိုငယ်စဉ်ကတည်းကအခုအချိန်ထိအမြဲပြောနေကြစကားတစ်ခွန်းရှိပါသည်
( သမီးဘဝကိုသမီးပိုင်တယ်။ တစ်ခုပဲမာမီကိုလိမ်မပြောရဘူး ) ။ ဘယ်အရာကိုလုပ်ဘယ်အရာကိုမလုပ်နဲ့ဆိုပြီးပြောတာထက်ကိုယ့်ရဲ့အသိဉာဏ္နဲ့ေသချာစဉ်းစားပြီးဘယ်အရာလုပ်သင့်တယ်ဘယ်အရာမလုပ်သင့်ဘူးဆိုတာကုိယ်တိုင်ဆုံးဖြတ်နိုင်ေအာင်သင်ပြပေးခဲ့တယ်။ သူမသမီး၈နှစ်အရွယ်မှာ...
YOU ARE READING
Right Person
FanfictionRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။