" အန်တီ ဆူးအပေါ်မှာရှိလား "
" ရှိတယ်သမီးခိုင် ။ သမီးသူငယ်ချင်းမနက်ကတည်းကစာလုပ်နေတာအခုထိမဆင်းလာသေးဘူး "
" ဟုတ်အန်တီ။ အဲ့တာဆိုသမီး ဆူးနားသွားလိုက်ဦးမယ်နော် "
" အေးအေး သမီးလေး "
သူမအခန်းထဲသို့ရောက်သောအခါ....
" ဆူးရေ ဆူး "
" ဪ ခိုင်ပါလား။ ဒါနဲ့လက်ထဲကပန်းစည်းကြီးက "
" ဒေါ်ဆူးနှင်းဆီလေးအတွက်ပေါ့ရှင် "
" ဟီး ကျေးဇူးပါခိုင်။ ငါစိတ်အဆင်မပြေတဲ့အချိန် နှင်းဆီနီကိုမြင်ရင်စိတ်သက်သာတယ် "
သူမပြောပြီးမှပါးစပ်ကိုလက်နဲ့ကာလိုက်မိသည်။ အကြောင်းအရင်ကသူမသူငယ်ချင်းခိုင်ထိုအကြောင်းတွေမသိဘူးထင်၍ဖြစ်သည်။
" ဘာလက်မှကာမနေနဲ့ဆူး။ ငါအကုန်သိပြီးပြီ "
" ဘယ်လိုသိ...."
" ငါပန်းဆိုင်မှာ အကိုမင်းခန့်နဲ့တွေ့ခဲ့တယ်။ သူပြောပြတာ "
" ဪ "
" ဘာ ဪနေတာလဲ။ ဆူး ငါမကြိုက်ဘူးနော်။ တစ်ခုခုဆိုတစ်ယောက်တည်းကြိတ်မခံစားနဲ့လို့ငါပြောထားတယ်လေ။ ဘာလဲငါ့စကားကိုအေရးမလုပ်တာလား "
" မဟုတ်ပါဘူးခိုင်ရယ် "
" နောက်တစ်ခါဒါမျိုးထပ်မဖြစ်စေနဲ့နော် "
" အင်းပါ "
" ဆူးငါနင့်ကိုပြောစရာရှိတယ်။ အန်တီပြောတဲ့စကားကိုအချိန်တစ်ခုမှာနင်အသုံးပြုဖို့လိုအပ်လာလိမ့်မယ်။ နှလုံးသားစကားနားထောင်ပြီးဦးနှောက်နဲ့ဆုံးဖြတ်ပါ ။ နှလုံးသားစကားနော်စိတ်ခံစားချက်ရဲ့စကားမဟုတ်ဘူး။ ဒီစကားကိုသေချာမှတ်ထားပါဆူး "
" အင်းပါခိုင်။ နင်ပြောချင်တာငါသိပါတယ်။ အခုကလည်းအဲ့လိုအခြေနေမဟုတ်လောက်ပါဘူးဟာ "
" ဟုတ်လာခဲ့ရင်ကိုပြောတာဆူး ။ အဲ့အခါနင်ဆုံးဖြတ်ချက်ပြတ်သားပါ "
" ငါတော့မဟုတ်ပါစေနဲ့လို့ပဲဆုတောင်းတယ်။ အဲ့လိုသာဆိုရင်ငါရူးသွားလိမ့်မယ် "
YOU ARE READING
Right Person
FanfictionRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။