" သမီးရေ သားထိုက်ကသမီးကိုပြောစရာရှိလို့တဲ့ "
" အဟွတ် အဟွတ် သား...သား ..... အဟွတ် အဟွတ် "
" အဲ့တာကြောင့်မာမီပြောတာပေါ့ ရေဖြေးဖြေးသောက်ပါလို့။ အခုတော့သီးကုန်ပြီ "
" ဆူးလေးရရဲ့လား။ ဟိုညီမလေး အကို့ကို တစ်ရှူးလေး..... "
" ရော့အကို "
တစ်ရှူးပေးလိုက်သောသူကမင်းခန့်သွေးပါ။ ခိုင်သဇင်ကတော့ကြောင်တောင်တောင်ရပ်ကြည့်နေမိသည်။ ဆူးနှင်းဆီးရောခိုင်သဇင်ပါကြောင်တောင်တောင်ဖြစ်သွားရသည့်အကြောင်းအရင်းက သားထိုက် လို့ခေါ်လိုက်ခြင်းကြောင့်ဖြစ်သည်။ ထိုက် ထိုက် သူတို့ထင်နေတဲ့ ထိုက် များလား။ ဒါကိုမရိပ်မိသေးတဲ့ ဒေါ်မာလာနှင်းဆီ၊ မင်းခန့်သွေးနဲ့ ဦးစည်သူကတော့....
" ငါ့သမီးကတော့လေ ဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်းချည်းပဲ "
" ဆူးကိုမဆူပါနဲ့ဗျာ။ ဆူးအဆင်ပြေရဲ့လား နေလို့ရောသက်သာရဲ့လား။ ကိုယ်နဲ့ဆေးရုံသွားမလား "
" ဟေ "
" ရ ရပါတယ်။ ဆူး သက်.... အဟွတ် ....သက်သာပါတယ် "
ဒီတစ်ခါတော့သူမတို့အားလုံးသူ့ကိုအံ့ဩနေကြတော့သည်။ ဦးစည်သူကိုလည်းမဆူနဲ့လို့ပြောသည့်အပြင် ရေသီးတာကိုလည်းဆေးရုံထိသွားမလားလို့မေးလိုက်ခြင်းကြောင့်ဖြစ်သည် ။ သူ့ပုံစံကမျောက်နေရာမရသလိုပင်ဖြစ်နေသည်။
ငြိမ်သက်နေတဲ့အခြေအနေကိုစတင်ဖြိုခွင်းလိုက်သူကတော့ခိုင်သဇင်ပါ။" ဟို ဦးထိုက်သခင် ခိုင်သိချင်တာရှိလို့မေးလို့ရမလား "
" ဟုတ်ကဲ့ရပါတယ် "
" ဦးထိုက်သခင်က ဆူးကိုမွေးနေ့တုန်းကလက်ဆောင်ပို့ပေးလိုက်တဲ့ ထိုက် ဆိုတဲ့သူလား "
" ဟုတ်ပါတယ် "
" ဟေ "
" ရှင် "
" ဟင် "
" ဟယ် "
" ဗျာ "သူတို့ငါးယောက်လုံးအာမေဍိတ်အသံတွေထွက်ကုန်ကြတော့သည်။
" အဲ့တာဆို သားထိုက် က ။ ဟို စာထဲက ထိုက်..... "
" ဟုတ်ပါတယ်ဗျ။ အဲ့တာကျွန်တော်ပါ "
" အဲ့တာဆို သားထိုက် ခုနကပြောမယ်ဆိုတဲ့အကြောင်းကဒီအကြောင်းပေါ့ "
YOU ARE READING
Right Person
FanfictionRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။