Right Person ( အပိုင်း ၁၂ )

403 7 0
                                    

" ဒီကောင်သန့်စင်..... အတန်တန်သတိပေးထားရဲ့သားနဲ့ကွာ "

" သုတသန့်စင်ကိုထားလိုက်ဦးအကိုမင်းခန့်။ အရင်ဆုံး ဆူးကိုကူတွဲပေးဦး "

" ရတယ် ခိုင်။ ငါခုနကလန့်သွားလို့ပါ ။ ငါ ငါထလို့ရပါတယ် "

" ရရဲ့လား ဆူးရယ်။ နင့်ပုံကတော်တော်အားနည်းနေတယ်။ ငါတို့ဆေးခန်းဝင်ကြမလား "

" ငါအိမ်ပဲပြန်ချင်တယ် ခိုင် "

" အေးအေး ငါတို့အိမ်ပြန်ကြရအောင်။ အကိုမင်းခန့် ခိုင်တို့အရင်ပြန်တော့မယ် "

" အကိုလိုက်ပို့ပေးမယ် "

" ရတယ် အကိုမင်းခန့် ဆူးတို့ဘာသာပဲပြန်လိုက်ပါမယ် "

"  ခိုင်တို့ဘာသာပဲပြန်လိုက်ပါ့မယ်အကိုမင်းခန့် "

" အဲ့တာဆိုဂရုစိုက်ပြန်ကြနော် "

" ဟုတ် "

သူမအခုချိန်မှာတစ်ယောက်တည်းနေချင်ပါသည်။ သူမပြိုလဲနေပြီ။ သူမစိုးရိမ်ခဲ့တဲ့အရာကအခုအမှန်တကယ်ဖြစ်နေပြီ။ သူမ မခံစားနိုင်တော့ပါ။

အိမ်သို့ပြန်ရောက်သောအခါ

" သမီးတို့ပြန်ရောက်ပြီလား။ ဟင် သမီးလေး ဘာဖြစ်လာတာလဲ။ ရရဲ့လား "

" ဟုတ် ဆူးအဆင်ပြေပါတယ်မာမီ။ ဆူး အပေါ်အရင်သွားတော့မယ်နော် "

" အင်းအင်း သမီး "

သူမမျက်နှာကသွေးမရှိသည့်မျက်နှာလိုပင်ဖြစ်နေသည်။

" ဆူး ရရဲ့လား "

" အင်းရတယ် ခိုင် ။ ငါအဆင်ပြေပါတယ် "

" ငါနင့်အတွက်ရေသွားခပ်ပေးမယ်နော် "

" ငါလောလောဆယ်တစ်ယောက်တည်းနေချင်တယ် ခိုင် "

" အင်းပါ ငါနားလည်ပါတယ် ။ ငါအောက်ထပ်မှာရှိနေမယ်နော်။ နင်လိုတဲ့အချိန်ငါ့ကိုခေါ်လိုက်နော် "

" ကျေးဇူးပါခိုင် "

" ရပါတယ်ဟာ အရင်အနားယူလိုက်ဦး ဆူး "

" အင်း "

ခိုင်သဇင်လည်းသူမကိုအခန်းထဲပို့ပေးပြီးတာနဲ့ အောက်ထပ်သို့ဆင်းလာသည်။

Right PersonWhere stories live. Discover now