Right Person ( အပိုင်း ၁၃ )

439 6 0
                                    

သုတသန့်စင်နဲ့မြမာယာတို့ရည်းစားဖြစ်တာဒီ‌ေန့ဆိုရင်တစ်ပတ်ပြည့်ပါပြီ။

" ဒီနေ့ကကိုယ်တို့တွဲတာတစ်ပတ်ပြည့်ပြီဆို‌ေတာ့မာယာဘယ်သွားချင်လဲ။ ဘာစားချင်လဲ "

" ကျွန်မတို့လမ်းခွဲရအောင်သုတသန့်စင် "

" ဟာ မာယာကတော့ကိုယ့်ကိုနောက်နေပြီကွာ။ ကိုယ်တို့ကဘာလို့လမ်းခွဲရမှာလဲ "

" ဘာလို့လဲဆိုတော့ ကျွန်မအစကတည်းကရှင့်ကိုမချစ်ခဲ့လို့ပဲ။ အစကတည်းကရှင့်ကိုကလဲ့စားချေမလို့ဟန်ဆောင်ခဲ့တာ "

" မာယာ ကိုယ့်ကိုနောက်နေတာမလား "

" ကျွန်မပုံစံကနောက်နေတဲ့ပုံစံနဲ့တူလို့လား "

" အဲ့တာဆိုဘာတွေလဲ။ မာယာက ဘာကို ကလဲ့စားချေမှာလဲ "

" ရှင် နှင်းလဲ့ကိုမှတ်မိလား "

" နှင်းလဲ့။ နှင်းလဲ့ဆိုတာကိုယ့်ရည်းစားဟောင်း..... "

" ဟုတ်တာပေါ့ သုတသန့်စင်ရယ်။ တော်သေးတာပေါ့ရှင်....ကျွန်မကရှင်မမှတ်မိဘူးဆိုရင်ပြန်ရှင်းပြရတော့မလို့ "

" မာယာနဲ့နှင်းလဲ့နဲ့ကဘာဆိုင်လို့လဲ။ ဘာလို့ ကိုယ့်ကိုကလဲ့စားချေမယ်လို့ပြောတာလဲ "

" နှင်းလဲ့ဆိုတာတစ်ခြားသူမဟုတ်ဘူး သုတသန့်စင်။ နှင်းလဲ့ဆိုတာ ကျွန်မချစ်ရတဲ့ကိုကိုရဲ့ညီမလေးပဲ။ ရှင့်ကြောင့်သူကျွန်မကိုအသုံးချသွားတာ။ ရှင့်ကြောင့်သူကျွန်မကိုထားသွားတာ။ ရှင့်ကြောင့်ကျွန်မနာကျင်ခဲ့ရတာ။ အားလုံးကရှင့်ကြောင့်ပဲ သုတသန့်စင် "

" ............... "

သုတသန့်စင်ဘာမှမပြောနိုင်တော့ပါ။ သူချစ်ရတဲ့မိန်းကလေးကသူ့ကိုကလဲ့စားချေမယ့်သူဖြစ်နေတာလား။ သူ့ကိုချစ်တဲ့မိန်းကလေးကိုပြစ်ပြီး သူ့ကိုကလဲ့စားချေမယ့်မိန်းကလေးကိုရွေးချယ်ခဲ့တာလား။

" ကျွန်မနာကျင်ခဲ့ရသလိုရှင့်ကိုနာကျင်စေချင်တယ်။ အခုတော့ကျွန်မ ဆန္ဒတွေပြည့်ဝသွားပြီ။ ရှင်ချစ်ရပါတယ်ဆိုတဲ့ကျွန်မကရှင့်ကိုကလဲ့စားချေချင်နေတဲ့မိန်းမပဲ။ အခုဆိုရှင့်ကိုချစ်ပေးမယ့်ဆူးနှင်းဆီလည်းအနားမှာမရှိတော့ဘူး။ ရှင့်ရဲ့သူငယ်ချင်းအရင်းကြီးလည်းရှင့်ကိုထားသွားပြီ။ ရှင်တကယ်တန်ဖိုးထားရမယ့်အရာတွေကရှင့်အနားမှာမရှိတော့ဘူး သုတသန့်စင် ရှင့်အနားမှာမရှိတော့ဘူး ဟား ဟား ......ဟား ဟား "

Right PersonWhere stories live. Discover now