"ကဲ ဆက်ပြောပါဦး။ ခုနကမျက်မမြင်လေးက ေချာရဲ့လား "
" .................. "
" ဟဲ့ နင် အ သွားတာလား "
" ကြီးတော်ကို အ ရမှာလား "
" မသိပါဘူး ငါ့သူငယ်ချင်းလေး ရင်တွေခုန်ပြီး အ သွားတာလားလို့ "
" တော်ပြီ တော်ပြီ အတန်းထဲသွားရအောင် "
" ရှင်လေးစကားတွေအရမ်းလွှဲတယ်နော်။ သူ့ကြည့်တော့ တစ်ဖက်သက်သဘောကျလာတာပဲ ၃နှစ်ရှိပြီ "
" ၂နှစ်နဲ့ ၅လပါ "
" ဟုတ်ပါပြီ ရက်စွဲတောင်အတိအကျမှတ်မိပြီးအခုထိစကားတောင်သွားမပြောရဲတဲ့ပထမနှစ် Queenကြီးရဲ့ "
" ပါလာပြန်ပြီ ဒီ Queen "
" သူငယ်ချင်းလေးကလည်းချစ်လို့စတာကို စိတ်မဆိုးနဲ့ အာဘွား "
" လစ် "
သူမကို Queenလို့ခေါ်တာမကြိုက်ပါ။ လူထူးဆန်းကြီးလိုအကြည့်ခံရတာလည်းမကြိုက်ပါ။ သူမမှာငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတစ်ယောက်ရှိပါသည်။ ထိုသူကတော့ခိုင်သဇင်ပါ။ ခိုင်နဲ့ဆူးဆိုတာငယ်ငယ်ကတည်းကညီအမ ေတွလိုနေလာကြတဲ့သူတွေပါ။ BFFတွေဆိုလည်းမမှားပါဘူး။
" ခွေးကောင် သန့်စင် ။ ပြေးတာမြန်ချက် အနောက်က ကျားလိုက်နေသလိုပဲ "
" ငါ့ဖုန်းကျန်ခဲ့လို့ကွ "
" မင်းဖုန်းကျန်ခဲ့လည်းဖြေးဖြေးသွားပါလားကွ။ အခုတော့ ကောင်မလေးတစ်ယောက်ကိုတိုက်မိတာတောင် တောင်းပန်စကားမပြောသွားဘူး "
" ငါ sorry လို့ပြောခဲ့တယ်လေ "
" မင်းကွာ "
" ငါ့ကိုအာရုံလာမစားနဲ့မင်းခန့် ။ စိတ်ကြည်နေတာမဟုတ်ဘူး "
" မြမာယာကြောင့်လား "
" .............. "
" မင်းကိုဟိုကအစကတည်းကငြင်းပြီးပြီလေ။ မင်းလက်လျှော့လိုက်တော့သန့်စင် "
" တော်ပြီဘာမှမပြောနဲ့တော့..... "
" အထက်တန်းကျောင်းသားဘဝကတည်းကစန်းပွင့်လာတဲ့ကောင်က အခုမှအငြင်းခံလိုက်ရတယ်လို့ ခွီးးးး "
YOU ARE READING
Right Person
FanfictionRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။