ထိုက်သခင် + ဆူးနှင်းဆီ
မင်္ဂလာဧည့်ခံပွဲ" ဆူး နင်ဒီနေ့အရမ်းလှနေတယ် "
" အရင်နေ့ကမလှဘူးလို့ပြောချင်တာလား "
" မဟုတ်ပါဘူးဟယ်။ ဒီနေ့သတို့သမီးဝတ်စုံလေးနဲ့တစ်မျိုးလေးလှနေတယ်လို့ပြောတာပါ ဒေါ်ဆူးနှင်းဆီရယ် "
" ဟီး စတာပါခိုင်လေးကလည်း "
" မီးမီးတို့တီတီဆူးဒီနေ့အရမ်းလှနေတယ် "
" ကျေးဇူးတင်ပါတယ်ရှင် "
" မီးမီးတို့တီတီဆူးကသူ့ Right Personနဲ့တွေ့သွားလို့ပျော်နေတာ "
" Right Personဆိုတာဘာကိုပြောတာလဲမေမေ "
" လာတီတီရှင်းပြမယ် "
" အချစ်ဆရာမကြီးတီတီဆူးကရှင်းပြလိမ့်မယ် သူ့နားသွားလိုက်သမီးတို့ "
" ငါကလေးတွေရှေ့မှာယဉ်ယဉ်ကျေးကျေးနေချင်တယ်ခိုင်သဇင်ရေ "
" ဟားဟား "
" အဲ့မှာရယ်နေ နင်နဲ့မပြောတော့ဘူး။ မီးမီးတို့ တီတီဆူးနားလာခဲ့ "
" ဟုတ်တီတီ "
" Right Personလို့ပြောလိုက်ရင်ချစ်သူရည်းစားတွေလို့ပဲတန်းမြင်မိတတ်ကြ ေပမယ့် တကယ်တော့ Right Personဆိုတာ ကိုယ့်အတွက်မှန်ကန်တဲ့သူတိုင်းကို right personလို့ခေါ်တယ်ကွယ့် ။
ဉပမာ
ကိုယ့်ကိုအမြဲကောင်းတဲ့အရာတွေနဲ့ပဲကြုံစေချင်တဲ့သူတွေ။ ကိုယ့်ကိုချစ်ပေးတဲ့သူတွေမျိုးပေါ့။ "" ကိုယ့်အတွက်မှန်ကန်တဲ့သူတွေဆိုတာဘာကိုပြောတာလဲတီတီဆူး။ ပြီးတော့အဲ့လိုမှန်ကန်တဲ့သူတွေကိုဘယ်မှာသွားရှာရမလဲဟင် "
" အဲ့လိုလူတွေကိုတီတီတို့ကလိုက်ရှာလို့မရဘူးမီးမီးရဲ့။ မှန်ကန်တဲ့သူဆိုတာ ကိုယ့်ကိုသူတို့ကိုယ်ကျိုးအတွက်အသုံးမချတဲ့သူ။ ကိုယ့်နောက်ကျောကိုဓားနဲ့မထိုးတဲ့သူမျိုးကိုပြောတာပေါ့။ မှန်ကန်တဲ့သူတွေကတီတီတို့ဘဝထဲကိုသူ့အလိုလိုဝင်လာလိမ့်မယ်မီးမီးလေး ။ ဒါပေမယ့်ကိုယ့်ဘဝထဲကိုဝင်လာတဲ့သူတိုင်းကတော့မှန်ကန်တဲ့သူတွေမဟုတ်ကြဘူးကွယ့် အဲ့ဒီအခါတီတီတို့အတွက်ဘယ်သူကမှန်ကန်တယ် ။ ဘယ်သူကမမှန်ကန်ဘူးဆိုတာကိုသေချာစဉ်းစားဆုံးဖြတ်ရမယ် "
" အဲ့တာဆို မီးမီးတို့ကိုကောင်းတာတွေနဲ့ကြုံစေချင်တဲ့သူတွေက Right Personတွေ ပေါ့နော် "
" ဟုတ်တာပေါ့ကွယ် "
" မီးမီးအမေကရောတီတီအတွက် right personလားဟင် "
" ဒါပေါ့မီးမီးရဲ့ "
" အခုလိုပြောပေးလို့ကျေးဇူးပါဆူးရယ် "
" မလိုပါဘူးဟာ။ နင့်ကိုလည်းငါကျေးဇူးတင်ပါတယ်။ ငါ့အပေါ်အမြဲကောင်းပေးခဲ့လို့ "
" မငိုနဲ့လေဆူးရဲ့ တော်ကြာဦးထိုက်သခင်ကသူ့သတို့သမီးလေးကိုအလှပျက်အောင်လုပ်တယ်ဆိုပြီးခိုင့်ကိုပြောနေပါဦးမယ် "
" ပျော်လို့ကျတဲ့မျက်ရည်ပါဟာ "
မင်္ဂလာအခန်းအနားစတင်ချိန်တွင်...
" သတို့သားနဲ့သတို့သမီးကချောလိုက်တာဟယ် "
" သတို့သမီးကလည်းချစ်စရာလေး။ အသက်လည်းတော်တော်ကွာတယ်ဆို "
" သတို့သားကိုကြည့်ပါဦး သူ့သတို့သမီးကိုကြည့်ေနတာမျက်စိအောက်ကကိုအပျောက်မခံဘူး "
မင်္ဂလာပွဲတက်ရောက်ကြတဲ့ဧည့်သည်များသူတို့ကိုကြည့်ပြီးမှတ်ချက်ပေးနေကြသည်။
" ကိုယ့်ဘဝထဲဝင်လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဆူး "
" ဆူးလည်းဦးထိုက်ကိုကျေးဇူးတင်ပါတယ်။ ဆူးပြိုလဲနေတဲ့အချိန်မှာ ဆူးကိုထားမသွားပဲအမြဲရှိနေပေးတဲ့အတွက်ရော ဆူးကိုအလိုလိုက်ပြီးချစ်ပေးတဲ့အတွက်ရော ဆူးဘဝကိုပြန်လည်ရှင်သန်စေခဲ့တဲ့အတွက်ဦးထိုက်ကိုကျေးဇူးတင်ပါတယ် "
" ကိုယ့်အချစ်ကိုလက်ခံပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ေနာ်။ ဆူးကို ကိုယ်ချစ်တယ် "
" ဆူးလည်းဦးထိုက်ကိုချစ်တယ် "
တစ်စုံတစ်ယောက်ရဲ့အချစ်ကိုမရဘူးဆိုတာအဲ့ဒီလူကကိုယ့်အတွက်ဆိုတဲ့လူမဟုတ်လို့ပါပဲ။ ကိုယ့်ကိုချစ်တဲ့သူဆိုတာတစ်ခြားသောအကြောင်းပြချက်တွေကြောင့်ကိုယ့်ကိုချစ်တာမဟုတ်ပဲကိုယ်ဖြစ်နေလို့ကိုချစ်တာပါ။ Right Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။
( ပြီးပါပြီ )
YOU ARE READING
Right Person
FanfictionRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။