ထိုအချိန်မှာေတာ့ ခိုင်သဇင် ၊ မင်းခန့်သွေး၊ သုတသန့်စင်တို့သံုးယောက်လုံးအံ့ဩသွားကြသည်။
" ဆူး ..... သူငယ်ချင်း "
" ခိုင် အခုချက်ချင်းအဲ့ကောင်တွေဘယ်သူဆိုတာငါသိချင်တယ် "
သူမဘာဖြစ်နေတာလဲဆိုတာ သုတသန့်စင်တို့သူငယ်ချင်းနှစ်ယောက်လုံးနားမလည်နိုင်ပါ။ ထိုအချိန်တွင် အလိုက်ကန်းဆိုးမသိသောသုတသန့်စင်က
" မင်းကသိပြီးရင်ဘာလုပ်မလို့လဲ "
" သတ်ပြစ်မလို့ "
ဆူးနှင်းဆီသူ့ကိုစူးရဲစွာဖြင့်ကြည့်ပြီးဖြေလိုက်သောအဖြေက သူတင်မက ကျန်တဲ့သူတွေကိုပါအံ့ဩသွားစေသည့်အဖြေမျိုးဖြစ်သည်။ ကလေးတစ်ယောက်လိုအပြစ်ကင်းစင်တဲ့ရုပ်ရည်နဲ့မလိုက်အောင်သူမ၏မျက်လုံးတွေကကြောက်ဖို့ကောင်းလှသည်။ ဤအခြေနေကို ခိုင်သဇင်ရိပ်မိစွာဖြင့် .......
" ဆူး .... နင့်မာမီအိမ်စောစောပြန်လာဖို့မှာထားတယ်လေ။ အခုဆိုအိမ်ပြန်နောက်ကျလို့စိတ်ပူနေတော့မယ် ။ လာမြန်မြန်ပြန်ရအောင်နော် "
ထိုအချိန်မှသူမ အသိစိတ်ပြန်ကပ်နိုင်သွားသည်။ သွားပြီ သူမဘယ်လိုတောင်ပြောလိုက်မိတာလဲ။ ဒေါသကိုရှေ့တန်းတင်မိလိုက်တာအခု သူတို့ သူမကိုဘယ်လိုထင်သွားမလဲ။ ရှက်စိတ်ကြောင့်သူမထိုနေရာမှပြေးထွက်လာခဲ့သည်။
သူမအိမ်သို့ပြန်ရောက်သောအခါ......
" သမီးလေးပြန်လာပြီလား။ ဪ... သမီးခိုင်လေးလည်းပါလာတာပဲ "
" ဟုတ်မာမီ။ ဆူးအဝတ်အရင်သွားလဲလိုက်ဦးမယ်နော် "
သူမ မျက်နှာကိုကြည့်တာနဲ့သူမတစ်ခုခုဖြစ်နေပြီဆိုတာ ဒေါ်မာလာနှင်းဆီရိပ်မိပါသည်။ သို့သော် သူငယ်ချင်းဖြစ်သူလည်းပါလာတာကြောင့် ညမှပဲအကြောင်းအရင်းမေးတော့မည်ဆိုပြီး......
" အေးအေး သမီးလေး။ မာမီ ခနနေရင်သမီးတို့အတွက် အအေးနဲ့မုန့်လာပို့ပေးမယ်နော် "
" ဟုတ်မာမီ "
အခန်းထဲသို့ရောက်သောအခါ...
" ဆူး ခုနကနင့်အကြည့်နဲ့နင့်စကားကြောင့် ငါတောင်နင့်ကိုလန့်သွားတယ် "
YOU ARE READING
Right Person
FanfictionRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။