Right Person ( အပိုင်း ၁၈ )

451 5 0
                                    

တစ်ဖက်တွင်လည်းဦးစည်သူတို့မိသားစုအစည်းအဝေးလုပ်နေကြသည်။

"  ကိုကို ခုနကဘာလို့ဦးထိုက်သခင်ပြောသလိုလုပ်တာလဲ"

" ကိုကို ကိုထိုက်သခင်နဲ့စကားပြောကြည့်ပြီးပြီခိုင်။ ကိုထိုက်သခင်ကညီမလေးဆူးကိုတကယ်ချစ်မယ့်ပုံပါပဲ"

" ကိုကို သေချာလို့လား။ ခိုင်တော့အဲ့လိုသိပ်မထင်ဘူး။ ဦးထိုက်သခင်...ဆူးကိုဂရုစိုက်ပေးတယ်ဆိုပေမယ့် အဲ့တာကစိတ်ရင်းနဲ့ဂရုစိုက်ပေးတာရောဟုတ်ပါ့မလား။ အရင်က ကိုကို့ သူငယ်ချင်းလည်း ဆူးကိုအရမ်းတွေဂရုစိုက်ပြပြီးနောက်ဆုံးထားသွားတာပဲလေ။ ခိုင်တောင်မယုံချင်တာ ဆူးဆိုပိုဆိုးလိမ့်မယ် "

" သန့်စင်  ညီမ‌ေလးဆူးကိုသဘောကျခဲ့ပါတယ်။ဒါ‌ေပမယ့်ချစ်လို့ သဘောကျခဲ့တာမဟုတ်ဘူး။ သူ့အပေါ်ကောင်းပေးလို့သဘောကျခဲ့တာ။  "

" ဆူးရဲ့သူ့အပေါ်ကောင်းပေးတဲ့အပြုအမူတွေကိုသဘောကျခဲ့တာ။ ဆူးကိုသဘောကျခဲ့တာမဟုတ်ဘူး "

" ဟုတ်တယ်ခိုင် "

" အန်တီတို့ကတော့စောင့်ကြည့်ဦးမယ် သားမင်းခန့်။ သမီးလေးကိုဒုတိယအကြိမ်နာကျင်စေမှာမျိုးတော့မဖြစ်စေချင်ဘူး "

" အန်ကယ်လည်းမင်းအန်တီပြောသလိုပါပဲ"

" ကျွန်တော်လည်းစောင့်ကြည့်ဦးမှာပါအန်တီ။ ညီမလေးဆူးကို ကျွန်တော်လည်းနောက်ထပ်တစ်ကြိမ်ထပ်ပြီးမခံစားစေချင်ဘူး "

" ခိုင်လည်း ဦးထိုက်သခင်အကြောင်းစုံစမ်းထားပါ့မယ်အန်တီ "

" ကျေးဇူးပါကွယ် "

" ရပါတယ်ဗျာ။ တကယ်လို့ကိုထိုက်သခင်ကညီမ‌ေလးဆူးကိုတကယ်ချစ်ပေးတဲ့သူဖြစ်‌ေနရင်‌ေတာင်ညီမလေးဆူးဘက်ကလက်ခံပါစေလို့မျှော်လင့်ရဦးမှာပဲ "

" ဆူးရဲ့စိတ်ဒဏ္ရာတွေကိုဦးထိုက်သခင်ရဲ့အချစ်တွေကကုစားပေးနိုင်ပါစေလို့ ခိုင်လည်းဆုတောင်းပါတယ် "

" ဒီတစ်ခါတော့ကံတရားကသူတို့နှစ်ယောက်ကိုမျက်နှာသာပေးပါစေကွယ် "

ဒီတစ်ခါတော့ဆူးနှင်းဆီကိုလူမှန်နဲ့သာ‌ေတွ့‌ေစချင်ပါသည်။ ဆူးနှင်းဆီ အပြင်ပန်းမှာသာသန်မာတဲ့ပုံစံဖြစ်နေပေမယ့် သုတသန့်စင်ကိုဘယ်လောက်ချစ်တယ်ဆိုတာသူမတို့အသိဆုံးပါ။ ဆူးနှင်းဆီကထိုက်သခင်ကို‌လက်ခံပါ့မလား။

Right PersonWhere stories live. Discover now