" ဟုတ်တာလားမဟုတ်တာလား "
" ဟုတ် ဟုတ်ပါတယ် "
" ဆူးရေ ငါတို့ပြန်ရင်အအေးဆိုင်ဝင်ထိုင်........ အယ် "
" ဒါဆိုသေချာတာပေ့့ါ။ မင်းကပထမနှစ်ကဆူးနှင်းဆီဆိုတာ "
" ညီမဆီလာတာဘာကိစ္စရှိလို့လဲ အကိုသုတ "
" မင်းငါ့ကိုသိနေတာလား "
" ဟုတ်။ ညီမတို့ ၉တန်းတုန်းက အကိုက ၁၀တန်းလေ "
" ကျောင်းပါတူနေတာပေါ့။ အဟက် ပွဲတော့လှပြီ "
" ရှင် "
" မင်းနာမည်ပြောင်းသင့်တယ်။ ဆူးနှင်းဆီကနေ ရှင်နှင်းဆီ ဆိုပြီး ။ ရှင် ကလွဲပြီးတစ်ခြားဘာမှမပြောတတ်တော့ဘူးလား "
" မဟုတ်....... "
" ကဲထားပါ။ လာရင်းကိစ္စက မင်းေကာင်ေလးကိုသေချာပြောထား နောက်တစ်ခါငါ့ကိုပြဿနာလာမရှာနဲ့လို့ "
" ကောင်လေး ? ညီမ မှာကောင်လေးမရှိပါဘူး "
" ကောင်လေးမဟုတ်ရင်လည်းမင်းရဲ့ဆိုင်ရာလူကိုပြောထားပေါ့ကွာ။ နောက်တစ်ခါငါ့ကိုလာထိရင်သေမယ်လို့ "
" ဘာတွေပြောနေတာလဲ ညီမနားမလည်တော့ဘူး "
" သန့်စင် ခွေးကောင် ငါ့ကိုမစောင့်ပဲသွားပြန်ပြီ "
" ဒီမှာတောင်ခေါင်းရှုပ်ရတဲ့ထဲမင်းကတစ်မျိုး။ မင်းခန့် မင်းပဲရှင်းပြလိုက်တော့ "
" ဟမ် ငါကဘာကိုရှင်းပြရမှာလဲ။ ငါဘာမှမဟုတ်တာမလုပ်ထားဘူးနော် "
" အရေးထဲလဒူကောင်ကတစ်မျိုး။ ခုနကရုံးခန်းကိစ္စ "
" မင်းကလည်းအဲ့ကိစ္စမပြီးသေးဘူးလား။ တော်ပါတော့ကွာ "
" အကိုတို့ပြောတဲ့အဲ့ဒီကိစ္စကညီမတို့နဲ့ဘယ်လိုပတ်သက်နေတာလဲ "
" ညီမတို့နဲ့မဟုတ်ဘူး။ ဆူးနှင်းဆီနဲ့ပဲပတ်သက်တာ "
သူမဆွ့ံအသွားသည်။ သူတို့ဘာကိုပြောနေကြတယ်ဆိုတာသူမ မသိပါ။ သူမစာသင်ခန်းထဲကထွက်လာတဲ့အချိန်သုတသန့်စင်သူမရှေ့ရောက်လာပြီးဆူးနှင်းဆီကမင်းလားဆိုပြီးမေးတယ်။ ပြီးတော့မင်းကောင်လေးကိုမှာထားဦးဆိုတာကပါလာတယ်။ အခုလည်းမင်းကိစ္စဆိုပြီးပြောပြန်ပြီ။ သူမ ဘယ်ကိစ္စထဲရောက်နေတာလဲ။
" ရှင် "
" ဒီလိုညီမလေးရေ။ အကိုတို့စာသင်ခန်းရှေ့ကိုပထမနှစ်ကကောင်လေးအုပ်စုေရာက်လာပြီးတော့လမ်းမှာသန့်စင်ကညီမကိုဝင်တိုက်သွားလို့ဆိုပြီးပြဿနာလာရှာတာ။ အဲ့တာနဲ့စကားများကြရင်းက ေနရန်ဖြစ်ကြလို့အခုပဲ professorရုံးခန်းကထွက်လာကြတာ။ "
သူမထိုအခါမှသုတသန့်စင်မျက်နှာယောင်နေသည့်အကြောင်းအရင်းကိုသိလိုက်ရသည်။ စတွေ့ကတည်းကသူမသတိထားမိပေမယ့် သူမနဲ့မရင်းနှီးတဲ့သူစိမ်း ယောင်္ကျားလေးတစ်ေယာက်ကိုဘာဖြစ်လာတာလဲလို့မေးဖို့ကအဆင်မပြေသောကြောင့်မမေးပဲနေလိုက်ခြင်းဖြစ်သည်။ ယခုအချိန်တွင်တော့သူမဒေါသအရမ်းထွက်နေသည်မှာအမှန်ပေဖြစ်သည်။ ပထမအချက်က သူမတန်ဖိုးထားရတဲ့ သုတသန့်စင်ကိုထိလို့ဖြစ်ပြီး ဒုတိယအချက်က သုတသန့်စင် သူမကိုအထင်လွဲသွားသောကြောင့်ဖြစ်သည်။
" တောက်စ်....... ဘယ်မအေဘေးအကို့မျက်နှာကိုထိုးသွားတာလဲ "
YOU ARE READING
Right Person
FanfictionRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။