Right Person ( အပိုင်း ၈ )

384 6 1
                                    

မနက်စာစားပြီးတာနဲ့သူမတို့ခြံထဲလမ်းလျှောက်ထွက်ကြသည်။ သူမအခုထိဘာပြောလို့ပြောရမလဲဆိုတာမသိပါ။ ပထမအကြိမ် သူမကိုဖုန်းခေါ်တော့သူမအမေနဲ့စကားပြောသွားသေးသည်။ သူ့နေရာမှာတစ်ခြားသူသာဆို ဖုန်းမ‌ှားခေါ်မိတယ်ဆိုပြီးလိမ်ရင်လိမ်ဦးမည်။သူကတော့ အဲ့လိုမဟုတ်ပါ အမှန်တိုင်းသာပြောသွားသည်။ အခုဒုတိယအကြိမ် သူမမိဘတွေနဲ့တွေ့တော့လည်းအကုန်လုံးကိုအမှန်တိုင်းပြောပြလိုက်သည်။ တကယ်ပဲ သူကဘယ်လိုလူမျိုးလဲ။ ပလေးဘွိုင်းဆိုပြီးနာမည်ကြီးနေတဲ့သူ့ကို အခုတွေ့နေရတဲ့ပုံစံနဲ့လုံးဝနှိုင်းယှဉ်ကြည့်လို့မရပါ။ သူ့ရဲ့ပုံစံအမှန်ကဘာပါလဲ။

" ဦးနှောက်သေးသေးလေးနဲ့ ဘာ‌ေတွအဲ့လောက်စဉ်းစားနေတာလဲ "

" ရှင် "

" ရှင်နှင်းဆီလေးရေ မေးချင်တာရှိရင်ပွင့်ပွင့်လင်းလင်းမေးလို့ရပါတယ်လို့။ တစ်ယောက်တည်းကျောက်ရုပ်လိုငြိမ်ပြီးအတွေးနယ်ချဲ့နေစရာမလိုပါဘူးခင်ဗျာ "

" မနောက်နဲ့ ကိုသုတ "

" ဟောဗျာ ကိုကို လို့ခေါ်ပါဆို "

" တော်တော့လို့ အဲ့လိုကြီးမခေါ်တတ်ဘူး။ ဒါနဲ့ ဆူးမေးချင်တာရှိတယ် "

" မေးပါခင်ဗျာ "

" ကိုသုတ ပုံစံအမှန်ကဘာလဲဟင်။ ဘာလို့လဲဆိုတော့ ဆူးမိဘတွေရှေ့မှာလည်းလိမ်မပြောဘူး။ ပြီးတော့ ကိုသုတ နဲ့ ဆူး နဲ့က တစ်ခါပဲတွေ့ဖူးပြီး ချစ်တယ်လို့ပြောတယ် "

" ဘေဘီရဲ့မိဘတွေရှေ့မှာလိမ်မပြောဘူးဆိုတာ သူတို့သမီးကိုတန်ဖိုးထားလို့။ ကိုယ်‌ ဘေဘီကိုချစ်တယ်။ လက်ထပ်ယူဖို့အထိတွေးထားတယ်။ တစ်ခါပဲတွေ့ဖူးပေမယ့်  ကိုယ့်မာမီကလွဲပြီးဘယ်သူ့ဆီကမှမရဖူးတဲ့ဂရုစိုက်မှုမျိုး အချစ်မျိုး ဘေဘီဆီကကိုယ်ရလိုက်တယ်။ ဒါကြောင့်ကိုယ် ဘေဘီကိုလိုက်ရှာခဲ့တယ်။ ဘေဘီနဲ့ပတ်သက်သမျှကိုစုံစမ်းခဲ့တယ်။ နောက်‌ဆုံး ကိုယ် ဘေဘီကိုတွေ့တဲ့အချိန်မှာပဲ ဘေဘီရဲ့ခံစားချက်တွေကိုသိလိုက်ရတယ်။ ကိုယ်မယုံနိုင်ခဲ့ဘူး....ကိုယ့်ကိုဒီလောက်ချစ်ပေးနေတဲ့သူရှိတယ်ဆိုတာ  "

Right PersonWhere stories live. Discover now