" ဆူး ငါတို့ဒီမှာ "
ဒီနေ့ကသူမကျောင်းပြန်တက်တဲ့ရက်ပါ။ အခုလည်းခိုင်တို့ကအတန်းထဲမသွားခင်ကန်တင်းမှာတွေ့ဖို့ချိန်းထားကြတာပါ။
" အေး ငါလာပြီ "
ထိုအချိန်မှာသုတသန့်စင်ရောက်လာပြီး...
" ဘေဘီ ကိုယ်တို့စကားပြောရအောင် "
" ညီမလေးခိုင် ဟိုမှာသုတသန့်စင်မလား "
" ဟုတ်တယ်အကိုမင်းခန့် "
သုတသန့်စင်ရုပ်ကအရင်ထက်ပိုပိန်သွားပါသည်။မင်းခန့်ေသွးနဲ့ခိုင်သဇင်တို့နှစ်ယောက်လည်း ဆူးနှင်းဆီနားသို့လျှောက်လာကာ...
" သုတသန့်စင် မင်းလက်ကိုဖယ်လိုက်"
" ငါ ဘေဘီနဲ့စကားပြောမှာမင်းတို့နဲ့မဟုတ်ဘူး "
" ဟာကွာ ....ငါရန်မဖြစ်ချင်ဘူးနော်သုတသန့်စင် "
" ကောင်းပါပြီ ကိုသုတသန့်စင်။ ဆူးတို့စကားပြောကြတာပေ့့ါ "
သူမတည်ငြိမ်စွာပြန်ဖြေလိုက်သည်။ သူမအခြေအနေကိုကြည့်နေသည့်ခိုင်သဇင်က...
" ကိုမင်းခန့် သူတို့ကိုလွှတ်ထားလိုက်ပါ "
" ဒါပေမယ့် ..... "
" ခိုင်ပြောတာကိုယုံပါ "
" အင်းပါ "
ခိုင်သဇင်တို့နှစ်ယောက်ထွက်သွားတော့မှ..
" ကိုယ်တို့တစ်ခြားနေရာသွားပြီးစကားပြောရအောင် ဘေဘီ "
" တစ်ခြားနေရာသွားစရာမလိုပါဘူး။ ဒီမှာပဲပြောပါ "
" ကောင်းပါပြီ။ ကိုယ် ဘေဘီကိုဒီတစ်ပတ်လုံးဖုန်းဆက်လို့မရဘူး။ ကိုယ်အိမ်ရှေ့လာတော့လည်းဘေဘီကကိုယ့်ကိုထွက်မတွေ့ဘူး "
" ပထမအချက် ကျွန်မနာမည်က ဆူးနှင်းဆီပါ။ ဘေဘီမဟုတ်ဘူး။
ဒုတိယအချက် ကျွန်မကဘာကိစ္စနဲ့ကိုသုတသန့်စင်ရဲ့ဖုန်းကိုကိုင်ရမှာလဲ။ ဘာလို့ကိုသုတသန့်စင်ကိုထွက်တွေ့ရမှာလဲ။ ကျွန်မကဒါတွေကိုဘာကျေးဇူးရှိလို့လုပ်ရမှာလဲ "
" ဘေဘီ မင်းဘယ်လိုေြပာနေတာလဲ "
" လူလိုပြောနေတာလေ။ လူစကားတော့ရှင်နားလည်မှာပါ "
YOU ARE READING
Right Person
FanfictionRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။