ဒီလိုကြားရတော့လည်းသူမစိတ်မကောင်းပါ။ ဒါပေမယ့်ဘာတတ်နိုင်မှာလဲ ဒါကသူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းပဲလေ။
" အခုလိုပြောပြတဲ့အတွက်ကျေးဇူးတင်ပါတယ်အကိုမင်းခန့် "
" ရပါတယ်ဗျာ။ဟိုရောက်ရင်အကိုတို့ကိုအမြဲအဆက်အသွယ်လုပ်ရမယ်နော် "
" စိတ်ချပါရှင် "
" အဲ့တာဆို ခိုင်လေး ကိုကိုနဲ့မေမေတို့နားသွားရအောင် "
သူမလည်းအလိုက်သိစွာဖြင့်..
" ဟုတ်ကိုကို "
သူမတို့နှစ်ယောက်လုံးထွက်သွားပြီးတာနဲ့ထိုက်သခင် ဆူးနှင်းဆီးနားလာကာ.......
" ဆူး မနက်ဖြန်သွားတော့မှာပေါ့။ ဟိုမှာဂရုစိုက်နော်။ တစ်ခုခုဆိုကိုယ့်ကိုဖုန်းဆက်လိုက်နော် "
" ကျေးဇူးပါဦးထိုက်သခင် ။ ဆူးကိုအခုချိန်ထိဂရုစိုက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဦးထိုက်သခင်လည်းအစစအရာရာဂရုစိုက်ပါ "
" ကိုယ်ဂရုစိုက်ပါ့မယ်။ မနက်ဖြန်ကိုယ်ဆူးကိုလိုက်မပို့နိုင်လောက်တော့ဘူး ။ ဆူးကိုယ့်ရှေ့ကထွက်သွားမှာကို ကိုယ်မကြည့်နိုင်လို့ပါ။ ဒါကြောင့်ဒီေနရာမှာပဲကိုယ်ထပ်ပြီးပြောချင်တယ်။ ဆူးကိုကိုယ်ချစ်တယ် "
" ...…........ "
သူမဘာမှဆက်မပြောပါ။ ထိုက်သခင်သူမကိုချစ်တယ်ဆိုတာခံစားလို့ရပေမယ့်သူမအတွက်အချိန်လိုပါသည်။ သူမကထွက်သွားမယ့်သူမို့လို့မျှော်လင့်ချက်လည်းမပေးချင်ပါ။
ကံပါရင်တော့သူမတို့ပြန်ဆုံရဦးမှာပါေလ။နောက်တစ်နေ့မနက်တွင်...
" သမီးလေး ဟိုမှာအစစအရာရာဂရုစိုက်နော်။ တစ်ခုခုဆိုမာမီတို့ကိုအကုန်ပြောပြနော်။ တစ်ယောက်တည်းကြိတ်မခံစားရဘူး "
" ဟုတ်မာမီ။ ဆူး ဂရုစိုက်ပ့့ါမယ် "
" သမီးကိုဒယ်ဒီမှာစရာရှိတယ်
" ဟုတ်ဒယ်ဒီ "
" ရောမရောက်တိုင်းရောမလိုကျင့်စရာမလိုဘူး။ ဘယ်နေရာရောက်ေရာက်ကိုယ့်ပုံစံအတိုင်းနေပါ။ ကိုယ့်ရဲ့ကောင်းတဲ့အကျင့်စရိုက်တွေကိုမျှဝေပါ "
YOU ARE READING
Right Person
FanfictionRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။