ဒီနေ့သူမတို့ချစ်သူသက်တမ်း ၁နှစ်နဲ့၅လပြည့်တဲ့နေ့ပါ။ ကျောင်းပြန်ဖွင့်တဲ့ကာလမှာေတာ့အမြဲေတွ့ဖြစ်ကြ ေပမယ့်စာေမးပွဲရက်နီးရင်တော့ဖုန်းနဲ့သာအဆက်သွယ်လုပ်ကြပါသည်။အရင်လိုတော့အမြဲမတွေ့နိုင်တော့ပါ။ နှစ်ယောက်လုံးစာထဲသာခေါင်းနှစ်ထားကြသည်။ သုတသန့်စင်လည်းအရင်လိုရည်းစားရှုပ်တယ်ဆိုတဲ့အသံမကြားတော့ပါ။ သုတသန့်စင်သူမကိုပြောတာက " ကိုယ်တို့အခုချိန်မှာပညာရေးကိုပိုအာရံုစိုက်ကြမယ်။ ဘွဲ့ယူပြီးရင် ကိုယ်အလုပ်ကြိုးစားမယ်။ ဘေဘီကိုတင့်တောင်းတင့်တယ်ထားနိုင်တဲ့အရည်အချင်းရှိပြီဆိုတာနဲ့ကိုယ်တို့လက်ထပ်ကြမယ်နော် " ။ စိတ်ဒဏ္ရာကြောင့်ဆိုးသွမ်းခဲ့တဲ့ကောင်လေးတစ်ယောက်ကိုသူမအချစ်တွေနဲ့ကုစားပေးနိုင်ခဲ့ပြီလား။
" သုတသန့်စင်ရှိလားရှင့် "
" ဘယ်သူလဲဗျ။ သန့်စင်အပြင်ခနသွားပါတယ် "
" သူဘယ်တော့လောက်ပြန်ရောက်မလဲရှင့်။ ကျွန်မအရေးကြီးပြောစရာရှိလို့ပါ "
" မင်းခန့် ဘယ်သူလဲ "
" သန့်စင် မင်းကိုရှာနေတာတဲ့ "
" ကျွန်တော့်ကိုရှာနေတဲ့အကြောင်းက ဟင်......... မြမာယာ "
" သန့်စင်.... အဟင့် ဟင့်။ နင်ပြောတာမှန်တယ်။ သူ သူငါ့ကိုတကယ်မချစ်ဘူး။ သူငါ့ကိုအသုံးချသွားတာ အဟင့် ဟင့် "
သူမ သန့်စင်ကိုဖက်ပြီးငိုေနသည့်အချိန်တွင်ဆူးနှင်းဆီရောက်လာကာ .......
" Happy 1year and 5months anniversaryပါ။ ကိုသုတအတွက်ဆူးနှင်းဆီလေးရဲ့လက်ဆောင်........ ဟင် "
" ဘေဘီ.... "
" ဒါကဘာတွေလဲကိုသုတ "
" ဘေဘီထင်သလိုမဟုတ်ဘူးနော်။ မြမာယာ ငါ့ကိုလွှတ်ဦး "
" ဟင် "
" ဘေဘီ ကိုယ်ရှင်းပြမယ် ။ ကိုယ်အပြင်သွားနေတုန်း မြမာယာက ကိုယ့်ကိုအေရးကြီးေပြာစရာရှိလို့ဆိုပြီးလာရှာတာ။ မင်းခန့်လည်းဘေးမှာရှိတယ်။ ပြီးတော့ သူ ကိုယ့်ကိုရင်ဖွင့်ပြီးငိုနေတာ "
" ဖက်ပြီးတော့လား "
" အဲ့တာကသူငိုနေရင်းအမှတ်မထင်ဖြစ်သွားတာပါ။ မင်းခန့်တစ်ချိန်လုံးဘေးမှာရှိနေတာ။ ဘေဘီ မယုံရင်မင်းခန့်ကိုမေးကြည့်လို့ရတယ် "
YOU ARE READING
Right Person
FanfictionRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။