သုတသန့်စင်အိပ်ဖို့လုပ်နေသည့်အချိန်မှာပင်သူ့ဖုန်းသို့ဖုန်းဝင်လာသည်။
" Hello "
" Hello မာယာပါ....အေ့ "
" မာယာ မူးနေတာလား "
" ဒီလောက်ကတော့မာယာမမူးပါဘူးကွာ ။ သန့်စင်ကိုမာယာပြောစရာရှိလို့ "
" ပြောပါမာယာ "
" မာယာ အေ့ မာယာ သန့်စင်ကိုချစ်တယ် "
" ............... "
" Hello ..... "
" ကျွန်တော်ကြားပါတယ် မာယာ "
" မာယာအခုလိုမပြောသင့်ဘူးဆိုတာနားလည်ပါတယ်။ ဒါပေမယ့် မာယာ မာယာ မခံစားနိုင်ဘူး အဟင့်....ဟင့် ။ မာယာလေ မာယာ....... "
" ကျွန်တော်လည်းမာယာ့ကိုချစ်တယ် "
"သန့်စင်.... သန့်စင်တကယ်ပြောတာလား "
" အင်း ကျွန်တော်မာယာ့ကိုအရင်ကတည်းကချစ်ေနတာပါ။ မာယာ.....
ကျွန်တော့်အစားတစ်ခြားတစ်ယောက်ကိုရွေးချယ်သွားတုန်းက မာယာ့ကိုကျွန်တော်ဒေါသထွက်ခဲ့တယ်။ ဒါပေမယ့်စိတ်မနာနိုင်ခဲ့ဘူး။ မာယာ့ကိုလည်းထပ်မနှောင့်ယှက်ချင်ခဲ့ဘူး။ ကျွန်တော့်ကြောင့်မာယာစိတ်ရှုပ်မှာမလိုလားဘူး "" မာယာတောင်းပန်ပါတယ်။ မာယာ သန့်စင်ခံစားချက်ကိုမကြည့်ပေးခဲ့မိဘူး ။ အဲ့တာကြောင့်မာယာဝဋ်လည်တာနေမှာ.....အဟင့် ဟင့်..........."
" မငိုပါနဲ့မာယာ ။ မာယာငိုရင်ကျွန်တော်မခံစားနိုင်လို့ပါ "
သုတသန့်စင်ထိုအချိန်တွင်ဆူးနှင်းဆီကိုမေ့နေခဲ့ပါသည်။ မြမာယာလည်းမူးနေသည့်အရှိန်ကြောင့်ရောငိုထားတာေကြာင့်ပါဖုန်းပြောရင်းအိပ်ပျော်သွားပါသည်။ နောက်တစ်နေ့မနက်တွင် ....
" ကိုသုတ မောနီး "
သုတသန့်စင်တစ်ေယာက်ဖုန်းသို့စာဝင်လာသောအခါမြမာယာပို့သည်အထင်ဖြင့်အမြန်ဖွင့်ကြည့်လိုက်သော်လည်းစာပို့သောသူမှာသူစောင့်နေတဲ့သူမဟုတ်ပဲဆူးနှင်းဆီပို့တာဖြစ်နေပါသည်။ သူလည်း...
" မောနီး ဆူး "
" ဟင် ဘေဘီလည်းမဟုတ်ဘူး "
" ကိုယ်မအားလို့ အမြန်ပို့လိုက်လို့ပါကွာ "
YOU ARE READING
Right Person
FanfictionRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။