ဘာလိုလိုနဲ့စာမေးပွဲေနာက်ဆံုးရက်ကိုရောက်လာပါပြီ။ သူမနဲ့သုတသန့်စင်လည်းမတွေ့ဖြစ်တော့ပါ။ မတွေ့ဖြစ်ဘူးဆိုတာထက်မတွေ့ဖြစ်အောင်ေရှာင်နေသည်ဆိုသည်ကပို၍မှန်လိမ့်မည်။ သူတို့ေနာက်ဆံုးအကြိမ်တွေ့တုန်းကသူမစကားတွေကြောင့်သုတသန့်စင် သူမကိုလိုက်ရှာပါသေးသည်။ သို့သော် ဘယ်မှာမှရှာမတွေ့ခဲ့ပါ။
" ဟေ့ကောင် သန့်စင် ။ မင်းပုံကလဒကြီးမှိုင်နေသလိုပဲ ဘာဖြစ်နေတာလဲကွ "
" .......…......... "
" ဟေ့ကောင် အသက်ရှိသေးလား
သုတသန့်စင်ရေ သုတသန့်စင်ရေ..... "" မင်းအဖေငါမသေသေးဘူး "
" ဒီလောက်ငြိမ်ချက်သားကောင်းနေတာမင်းနဲ့လုံးဝမလိုက်ဘူး "
" ငါစဉ်းစားနေတာ "
" ဘာကိုစဉ်းစားနေတာလဲ "
" ဆူးနှင်းဆီအကြောင်း "
" ဟေ "
" အဲ့အကြည့်နဲ့ငါ့လာမကြည့်နဲ့။ တစ်ခြားသဘောနဲ့ပြောတာမဟုတ်ဘူး။ ငါတို့နောက်ဆုံးတွေ့တုန်းက သူထွက်မပြေးခင်ပြောခဲ့တဲ့စကားတွေကိုစဉ်းစားနေတာ။ အဲ့ဒီနေ့ကစပြီးသူ့ကိုဘယ်မှာမှရှာမတွေ့တော့ဘူး။ ကျောင်းထွက်သွားတာများလား "
" ကျောင်းတော့မထွက်လောက်ပါဘူးကွာ။ တစ်နေရာရာမှာတော့ရှိမှာပေါ့ "
" အဲ့တာဆိုငါ့ကိုတမင်ရှောင်နေတာလား "
" မင်းသိချင်ရင်တစ်နည်းပဲရှိတယ်။ အဲ့တာကတော့ကိုယ်တိုင်သွားမေး "
" သွားမေးဖို့လူကိုမတွေ့တာ လဒူကောင်ရဲ့"
" မင်းကမှ လဒူကောင်အစစ်။ သူ့မတွေ့ရင် သူ့သူငယ်ချင်းကိုသွားမေးပေါ့ကွ "
" အော် အေးဟုတ်သား။ ဖေ့သားလေးကဘယ်ဆိုးလို့လဲ မင်းငါ့နားမှာနေတာကြာလို့တော်လာပြီ "
" မင်း********* "
စာမေးပွဲဖြေပြီးချိန်တွင်......
" ဟဲ့ ဆူး...... နင်ဒီနေ့စောစောပြန်ဦးမှာလား "
" စာမေးပွဲလည်းပြီးပြီဆိုတော့ နင်နဲ့ လျှောက်လည်ပြီးမှပြန်တော့မယ် "
YOU ARE READING
Right Person
FanfictionRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။