သူပြုံးမိသွားသည်။ သူ့ထက်အသက်၁၀နှစ်လောက်ငယ်မယ့်ပုံစံရှိတဲ့ကလေးတစ်ယောက်ရဲ့ဆုံးမတာခံရတာဒါပထမဆုံးအကြိမ်ပါ။ ထိုအချိန်ကစပြီးသူမအကြောင်းစုံစမ်းပြီးသူမကိုအေဝးကကာကွယ်ပေးခဲ့ပါသည်။ အကြောင်းအရင်းကတော့သူ့ကိုကူညီပေးထားတာကြောင့်ကျေးဇူးပြန်ဆပ်တဲ့သဘောနဲ့ပါ။ ထိုက်သခင်ကသူ့ဘဝမှာကျေးဇူးကြွေးရှိတာမကြိုက်ပါ။ သူ့ကိုကူညီရင်သူကပြန်ကူညီတတ်တယ်။ သူ့ကိုဒုက္ခပေးရင်တော့အဲ့လူကိုတစ်စစီဖြစ်အောင်ပြန်လုပ်တတ်ပါသည်။ သို့သော်သူ့ဘက်ကစပြီးတော့
အကြောင်းအရင်းမရှိပဲဘယ်သူ့ကိုမှထိခိုက်အောင်မလုပ်ပါ ။ သူမကိုေစာင့်ကြည့်ပြီးကာကွယ်ပေးတုန်းကတော့တစ်ခြားဘာစိတ်မှမရှိခဲ့ပါ။ နှစ်တွေကြာလာတော့သူမရဲ့ကြီးပြင်းလာတဲ့ပုံစံ လူတွေကိုကူညီတတ်တဲ့ပုံစံကြောင့်သံေယာဇဉ်စတွယ်လာပါသည်။ သူမ ၁၈နှစ်ပြည့်တဲ့အချိန်မှာသူ သူမရှေ့ကိုသွားပြီးသူမကိုအဝေးကနေပဲမဟုတ်ပဲအနီးကပ်ကာကွယ်ပေးချင်တဲ့အကြောင်းပြောဖို့ကြိုးစားခဲ့ပါသေးသည်။ ဒါပေမယ့်သူကြိုးစားခွင့်တောင်မရလိုက်ပါ။ အဲ့အချိန်ကသူမသုတသန့်စင်နဲ့ရည်းစားဖြစ်နေသောကြောင့် သူနောက်ဆုတ်လိုက်ရခြင်းဖြစ်သည်။ သူ့အတွက်အဲ့ဒီနေ့ကနာကျင်ရတယ်ဆိုပေမယ့်သူမပျော်နေတာကိုကြည့်ပြီးသူ့နာကျင်မှုတွေကိုမမှုတော့ပါ။ သူမကိုအရင်လိုပဲအဝေးကနေကာကွယ်ပေးနေခဲ့ပါသည်။" ဪ မှတ်မိပြီ။ အမလေး တော်တော်ပြန်စဉ်းစားလိုက်ရတယ်ရှင် ။ အဲ့ဒီနေ့က ဦးလေးကြီးက ဒီက CEOလား "
" ဟုတ်ပါတယ်ဗျာ။ အဲ့ဒီနေ့ကဦးလေးကြီးက ကျွန်တော်ထိုက်သခင်ပါပဲခင်ဗျာ "
သူမကိုပြုံးပြီးပြန်ဖြေနေတဲ့သူ့ရဲ့ပုံစံကဆွဲဆောင်မှုရှိလှသည်။
" ဦးထိုက်သခင် "
" ဗျာ "
" ဪ မဟုတ်ပါဘူး ။ ဒီတိုင်းနာမည်ခေါ်ကြည့်တာပါ "
" အဲ့တာဆို ဦးလေးသမီးကမောင်ရင်ကိုသကြားလုံးပေးခဲ့တဲ့သူပေါ့ "
" ဟုတ်ပါတယ်ဦးလေး။ ကျွန်တော့်အသက်သခင်ကျေးဇူးရှင်လေး "
" အဲ့လောက်ကြီးမပြောပါနဲ့ရှင်။ သကြားလုံးတစ်လုံးနဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်သွားတာကနည်းနည်းများသွားပြီ "
YOU ARE READING
Right Person
أدب الهواةRight Personတွေနဲ့တွေ့ဆုံချင်ရင်ကိုယ်တိုင်ကလည်း Right Personဖြစ်နေဖို့လိုပြီး ကိုယ့်ဘဝထဲကWrong Personေတွကိုလည်းလက်လွှတ်နိုင်ရပါမယ်။