အပိုင်း၁၄
ဒယ်ဒီရဲ့ အားပေးစကားကြောင့် ရိုစ့် အားတက်ရပါသည်။အန်တီ့အချစ်ကိုရဖို့ ရိုစ့် ကြိုးစားရပေတော့မည်။မိန်းကလေးချင်းလဲဖြစ်၊အသက်လဲအများကြီး ကွာတာမို့ အန့်တီ့ဘက်က လက်ခံဖို့တော့ ခက်ခဲ့လိမ့်မည်ထင်ပါသည်။
ဒါပေမဲ့ ရို့စ်ရဲ့ အချစ်ကတော့ စစ်မှန်ပါသည်။ဒါကြောင့် အန်တီယုံအောင် ရိုစ်အများကြီး ကြိုစားပြီးသက်သေပြရပါမည်။
အခုလဲကျကျနနပြင်ဆင်ပြီး အန်တီ့ကို ပိုးဖို့ အန်တီတို့အိမ်ရှေ့ကို ကီကီလေးနဲ့ လမ်းလျောက်ထွက်ပါမည်။အန်တီက ညနေဆို ကျောင်းကနေ အိမ်ကိုပြန်လာပြီးဆိုတာကို သိလို့ တမင် သွားခြင်းဖြစ်သည်။
မြင်ပါများရင်လဲ ချစ်ကျွမ်းဝင်သွားနိုင်တယ် မဟုတ်လားလေ။
ဒါပေမယ့် တကယ့် အဓိကက ရိုစ့်က အန်တီ့မျက်နှာလေးကို မော်ဖူးချင်တာက အဓိကပင်။တစ်ရက်ထဲတွေ့ရပြီး ကမောက်ကမနဲ့ ဖွင့်ပြောမိ့လို့ ၂ရက်လောက် မတွေ့ခဲ့ရဖူး မဟုတ်လား။ဆရာလယ်တွင်းသားစောချစ် ပြောခဲ့သလို့ အဲ့ဒီ၂ရက်တွင်းမှာ ဘာလုပ်လုပ် အဲ့ဒီမျက်နှာလှလှကို လွမ်းနေခဲ့ရတာက အမှန်တရားပင်။
ကီကီလေးက တက်ကြွနေပေမယ့် ရို့စ်ခြေလှမ်းတွေက ခပ်နှေးနှေး ဒါမှလဲ အချိန်ရပေမည်မဟုတ်လား။လျောက်လာရင် အန်တီတို့အိမ်ရှေ့ရောက် ဝေ့လည် ဝေ့လည်နဲ့အိမ်ထဲ ကို လှည့်ပတ်ကြည့်မိသည်။
အရာရာက တိတ်ဆိတ်ငြိမ်သက်လျှက်။
၃၊၄ခေါက်လောက် ပတ်နေပေမယ့် အန်တီ့ကို မတွေ့ရသလို ခြံစောင့်ဦးလေးကြီးကိုပင် မမြင်ရ။
"သွားပါပြီး.."
ခေါင်းကုတ်ရင်း ညည်းညူမိသည်။ styleအပြည့်ပြင်ဆင်ပြီး လမ်းလျောက်ထွက်လာပေမယ့် ချစ်ရသူကို မတွေ့ရဘဲ ပြန်ရတော့မည်။ပြင်ဆင်ခဲ့တာ တွေ သဲထဲရေသွန်ဖြစ်ပါပြီး။
"ဘယ်သွားတာလဲ.."
"ဟင်!."
ကိုယ့်ဇောနဲ့ကိုယ် အန်တီတို့ ခြံထဲကိုသာ အာရုံရောက်နေတာ ဘေးဘီကိုသတိမထားမိလိုက်။ရုတ်တရက် အနောက်က ထွက်လာတဲ့အသံကြောင့် ခန္ဓာကိုယ်က တုန်ပြီး လန့်သွားရသည်။
YOU ARE READING
အချစ် မြစ်ဖျား
Romanceမြင်မြင်ချင်း စွဲလမ်းမိရာကနေ ချစ်ခြင်းအဖြစ်သို့ စီးဆင်းသွားသော ခံစားချက်များ