အပိုင်း ၁၃
တီးတောင်!
ဘဲလ်နှိပ်ပြီးတော့ ရို့စ်ရပ်နေတဲ့ ခြံတံခါးရှေ့ကို လူကြီးတစ်ယောက် ဘွားခနဲ့ထွက်လာလေသည်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲ တူမကြီး.."
"အမလေး! လန့်တာ."
ရင်ဘတ်လေးကိုဖိပြီး လန့်နေတဲ့ ရို့စ်ပါလေ။
"ဟို.....ဟို.. ဒီအိမ်က အန်တီ ဆရာမနဲ့ တွေ့ချင်လို့ပါ ဦးကြီး"
"အော် ...သမီးမေနဲ့ တွေ့ဖို့လား.."
"ဟုတ် ဟုတ်ကဲ့.."
နာမည်ကို သိပေမယ့် ရို့စ် မခေါ်ဖြစ်သေး။အန်တီ ကိုယ်တိုင်ပြောပြမှ ရို့စ်ခေါ်မည်။နောက်ပြီး အန်တီက ပုဂ္ဂိလကျောင်းထောင်ထားတာလဲ သိခဲ့ပြီး။အိမ်မှာ အလုပ်လာလုပ်ပေးတဲ့အမကြီးကို မေးလိုက်တာ အကုန်သိလိုက်ရတော့တာဘဲ။
"ခနစောင့်နော်..သမီး။ ဦးကြီး သမီးမေကို မေးပြီး တံခါးဖွင့်ပေးမယ်.."
"ဟုတ်ကဲ့.."
ထိုလူကြီးက အိမ်ဘက်ကို ပြန်လှည့်သွားလေသည်။
တအောင့်ကြာတော့ပြန်ထွက်လာလေသည်။
"ရပြီး သမီး ဝင်ခဲ့ သမီးမေ အိမ်အနောက်ဘက်မှာ ရှိတယ်..."
ပြောလဲ ပြော တံခါးဖွင့်ပေးတာမို့ ကိုင်ထားတဲ့နှင်းဆီနီ တစ်ပွင့် ကို လက်နောက်ပစ်ပြီး အသာဖွက်ကာ ထိုလူကြီးနောက် လိုက်လာခဲ့သည်။အန်တီ့ကို လှန်းမြင်ရတဲ့ နေရာရောက်တော့ ထိုဦးလေးကြီးကပြန်လှည့်သွားလေသည်။အန်တီကတော့ အေးအေးဆေးဆေး ဒန်းပေါ်မှာ ထိုင်နေလေသည်။ရို့စ်ကို လှည့်တောင်မကြည့်ပါ။
"အန်တီ.."
"မင်း ဘယ်လိုလုပ် တို့အိမ်ကို ရှာတွေ့တာလဲ.."
"အဲ့တာက လွယ်လွယ်လေး အန်တီက ဒီရပ်ကွက်မှာ နာမည်ကြီးကို အိမ်ကိုမပြောနဲ့ အန်တီနဲ့ပက်သတ်တာ အကုန်သိနိုင်တယ်..."
"ဟုတ်လား မင်းပြောမှ တို့က အဲ့လောက် တောင်နာမည်ကြီးတာလား.."
"ဒါပေါ့ အန်တီက ဥစ္စာပေါ့ ၊ရုပ်ချောဘဲ ဟာ သေချာပေါက် နာမည်ကြီးတာပေါ့.."
YOU ARE READING
အချစ် မြစ်ဖျား
Romanceမြင်မြင်ချင်း စွဲလမ်းမိရာကနေ ချစ်ခြင်းအဖြစ်သို့ စီးဆင်းသွားသော ခံစားချက်များ