အပိုင်း ၁၆( ဇာတ်သိမ်းပိုင်း)
"သက်သာရဲ့လား ခေါင်းမူးနေသေးလား.."
"သက်သာပါတယ် ခေါင်းလေးနည်းနည်း မူးနေတာဘဲ ရှိတော့တယ် အန်တီ.."
"အင်း ခနထိုင်အုန်း တို့ သံပရာရည် သွားယူပေးမယ်.."
"ရပါတယ် အန်တီ ရိုစ့်ကို ရေ ဘဲ ပေးပါနော်.."
"အင်း... ခနလေးစောင့်.."
အောက်မှာ သံပရာရည် သွားဖျော်ဖို့ကို တောင် မေ နောက်ဆံတင်းနေမိသည်။တစ်ယောက်ထဲ မထားခဲ့ချင်။မထားခဲ့နိုင်ပါ။မေ့ရှေ့ကို ခက်ခက်ခဲခဲ ပြန်ရောက်လာတာမို့ မျက်စိအောက်ကပင် အပျောက်မခံနိုင်တော့။
သူက ရေဘဲသောက်မယ်ဆိုတော့ ပိုအဆင်ပြေသွားသည်။ရေက မေ့အခန်းထဲမှာ ရှိသည်လေ။ဒါကြောင့် သူ့အနားထိုင်ရာကထပြီး စားပွဲပေါ်က ရေခရားထဲကရေကို ခွက်ထဲထည့်လေသည်။
"ဒါနဲ့အန်တီ..အဲ့ဒီဓာတ်ပုံထဲက အမျိုးသမီးက ဘယ်သူလဲဟင်.."
ရေထည့်နေတဲ့ မေ့လက်ကလေး လေထဲရပ်တန့်သွားရသည်။
"သူက...သူက..တို့..ငယ်ငယ်က သိပ်ချစ်ခဲ့ရတဲ့ အငြိမ့် မင်းသမီးလေ..နာမည်က ခိုင်မာလာနှင်းဆီတဲ့..."
"လှတယ်နော်..နာမည်လေးနဲ့လိုက်တယ်..အခုကရော..ဘယ်အရွယ်ရှိနေပြီးလဲ အန်တီ.."
"ဆုံးသွားခဲ့တာ နှစ်၂၀ကျော်ခဲ့ပါပြီး..."
မမနှင်းဆီအကြောင်းပြောရင် မျက်ရည်တို့က တားမရဆီးမရ။ အခုလည်း ကျောပေးထားလို့သာ မေ့ မျက်ရည်ကို မမနှင်းဆီ မမြင်တာပင်။
မျက်ရည်တွေကို မျက်တောင်နဲ့မသိမသာ ပုတ်ခတ်သိမ်းလိုက်သည်။သူ့အနားကို သွားမိသည်။
"ဒီမှာရေ..သောက်လိုက်ပါအုန်း..."
"ကျေးဇူးတင်ပါတယ် အန်တီ..ရိုစ့် ဒုက္ခ ပေးမိပြီး.."
သူ့က မေ ပေးတဲ့ ရေတစ်ခွက်ကို တစ်ဝက်လောက် ကုန်အောင် တစ်ကြိုက်ထဲ သောက်ချလိုက်သည်။အနားကနေ ကြည့်နေရတာကို ပင် မေ မယုံနိုင်အောင်ဖြစ်ရသည်။ဆန်းကြယ်လိုက်လေခြင်း။မမနှင်းဆီက ဒီလိုလေး မေ့ဆီကို ပြန်လာခဲ့တယ်တဲ့လေ။အိမ်မက်များ မက်နေခဲ့သလား။
YOU ARE READING
အချစ် မြစ်ဖျား
Romanceမြင်မြင်ချင်း စွဲလမ်းမိရာကနေ ချစ်ခြင်းအဖြစ်သို့ စီးဆင်းသွားသော ခံစားချက်များ