အပိုင်း၁၅

1K 68 3
                                    

အပိုင်း၁၅

"ရှင်...မဟုတ်ပါဘူး မေမေ သူက သမီး အသိပါ.."

အန်တီ့စကားကို ကြားလိုက်တော့ ရိုစ့် ဝမ်းသာ သွားရသည်။စိမ်းစိမ်းကားကား "မသိပါဘူး" ဆိုတာထက်

အသိ ဆိုပြီး အသိအမှတ်ပြုတာလေးကိုဘဲ ကျေနပ်‌ရပါသည်။

"ဟုတ်လား သမီးအသိကို အိမ်အလည်ခေါ်လာတာပေါ့.."

"ဟုတ်ကဲ့..."

"မြေးလေး အထဲလာလေ အဝကြီးမှာ ရပ်မနေ နဲ့.."

"ဟုတ်ကဲ့ ဖွား.."

"လာ လာ..ဒီနားလာထိုင် ဖွားက မျက်စိသိပ်မကောင်းတော့ မြေးမျက်နှာကို ကောင်းကောင်းမတွေ့ရလို့ အနားခေါ်ရတာ စိတ်တော့မရှိနဲ့ ကွယ်.."

"ရပါတယ် ဖွားရဲ့ ရို့စ်နားလည်ပါတယ်..ဒါနဲ့  လေဖွား..."

" ပြောလေမြေး ဘာလိုချင်လို့လဲ..အဲ့ ဟုတ်သား သမီး  မြေးကို အအေးလေးဘာလေးတိုက်အုန်းလေကွယ်.."

"ဟုတ်ကဲ့ပါ မေမေ"

အန်တီက ထိုင်နေရာက ထ ကာ အိမ်အနောက်ဘက်ကို ဝင်သွားလေသည်။

"ရပါတယ် ဖွားရဲ့..ရိုစ့် မေးချင်တာတစ်ခုရှိလို့ပါ.."

"ဘာမေးချင်လို့လဲ မြေးရဲ့.."

"ဟိုလေ ဖွားကို ရိုစ့် ရင်းရင်းနှီးနှီး သိသလိုခံစားနေရလို့ မဟုတ်မှ ဖွား ငယ်ငယ်က မင်းသမီးတွေဘာတွေ ဖြစ်ခဲ့လားဟင်.."

"ပေါက်ပေါက်ရှာရှာ မြေးရယ် ဖွားက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး သမီးကို စောင့်ရှောက်ရင်းနဲ့ ဈေးရောင်းစားလာတာပါကွယ် ဘယ်က မင်းသမီးဖြစ်ရမလဲကွယ်.."

"အဲ့တာဆို ရိုစ့်ဘဲ အမှတ်မှားတာလားမသိဘူး..ဟီး..ဒါပေမယ့် ဖွားက အခုထိ လှတုန်းဆိုတော့ ငယ်ငယ်က တော်တော်လှခဲ့မယ်ထင်တယ် မသိရင် အန်တီနဲ့က ညီအမတွေလိုဘဲ..."

"အမလေး.... ဒီအဖွားကြီးကို မြေးမို့ လှတယ်ပြောတာ..ဒါပေမယ့်လဲ ကျေနပ်တယ်ကွယ်..မြေးက သွက်သွပ်လပ်လပ်လေးဘဲ ဖွားအိမ်က ရေခဲတုံးနဲ့တော့ ကွာသားလား.."

"ရေခဲတုံးဆိုတာ.....အန်တီ့ကို ပြောတာလားဟင်.."

"ဟုတ်ပ့ သားအမိနှစ်ယောက်တည်းရှိတာကို သူက တစ်ယောက်တည်း အေးဆေးသမား စကားတောင် အပိုအလိုမပြောလို့ ခက်နေတာလေ..သူ့ကြည့်လိုက်ရင် အမြဲတမ်း တလွမ်းလွမ်းတဆွေးဆွေးနဲ့.."

အချစ် မြစ်ဖျားWhere stories live. Discover now