18{U+Z}

678 61 2
                                    

"မောင် တို့တွေ ဘုရားသွားရအောင်လေ"

"ခင်"

"ဟင်...ပြောလေမောင်"

ပြတင်းပေါက် နားရပ်နေတဲ့ မောင့်ရဲ့ရင်ဖက်ပေါ် ခေါင်းလေးမှီလို့ မောင့်ကိုပြောလာတော့ မောင်က နာမည်လေးခေါ်တော့ ဖျော့တော့စွာပဲ ပြောလာတယ်။

ခင့်ကို ခါးကနေ အသာဖတ်လို့ ထွေးပွေ့မိတော့ ရင်ခွင်ထဲ တိုးဝင်လာတဲ့သူလေး။

"ဘာဖြစ်လို့လဲ ခင် တစ်ခုခုကို စိတ်ညစ်နေတာလား"

မောင့်အမေးကို ခင်က ခေါင်းလေးသာ အသာရမ်းပြလို့ မောင့်ရင်ဖက်လေးပေါ်လက်တင်ပြီး မောင့်ရင်ခုန်သံကို စမ်းရင်း

"မောင်....ချစ်တယ်နော်"

ဘာလို့များ ခင့်ရဲ့ ဒီစကားဟာ မောင့်ရင်ကိုမွန်းကြပ်သွားစေတာများလဲ။မောင်လည်း ခင့်ဆံဖျားလေးကိုအသာနမ်းရှိုက်လို့

"မောင်ကလည်း ခင့်ကို ချစ်ပါတယ်"

"အင်း....သိတာပေါ့မောင်....သိတာပေါ့"

"ခင်"

"မောင်...တို့ကမောင့်ကို ဒီနေရာလေးမှာ သိမ်းထားမှာနော်"

သူ့ရင်ဖက်လေးကို မောင့်လက်နဲ့ထိစေလို့ မောင့်ကိုရီဝေဝေကြည့်ကာ ပြောလာတဲ့ခင်။

"ခင် တစ်ခုခုဖြစ်နေတာ မောင်သိတယ် ပြောပါဦး ဘာဖြစ်နေတာလဲ"

"မောင်"

မောင်က ခင်နဲ့ မျက်နှာချင်းဆိုင်လို့ ခင့်ကိုမေးတော့ ခင့်မျက်ဝန်းတွေ မို့နေသည်။ဒါခင်ငိုထားတာမဟုတ်လား။ညက မောင်လည်း နောက်ကျမှ အခန်းပြန်လာဖြစ်သည်လေ။အခန်းပြန်ရောက်တော့လည်း ခင်က တစ်ဖက်လှည့်ကာ အိပ်နေသည်မို့ ဘေးမှာပဲ အသာဝင်အိပ်လိုက်မိတာမို့ ခင့်အခြေအနေကို သေချာမသိလိုက်သည်မှာ အမှန်ပင်။

"ခင်...ခင် ငိုထားတာလား...ဘာ..ဘာလို့လဲ..မောင် တစ်ခုခုလုပ်မိထားလို့လားဟင်"

စိုးရိမ်နေတဲ့ မောင့်ပုခုံးကို အသာဆုတ်ကိုင်လို့ ခင်က ရေးရေးလေးပြုံးသည် ။ထို့နောက် လက်တစ်ဖက်က မောင့်ပါးပြင်ကိုထိလို့ ဖြေးညှင်းစွာပဲ

မောင်ချစ်သော အညာသူ ( gl fic)   Where stories live. Discover now