24{U+Z}

224 15 0
                                    

"ဒီမှာ ယမုံ"

ကားပေါ်ကဆင်းဆင်းချင်းအနားရောက်လာတဲ့ မောင်က ပုခုံးကို လက်တို့လို့ ပြောကာမှ လှည့်ကြည့်မိတော့ ပြုံးပြနေတဲ့မောင်

"မောင်...နင်ကလည်းဟာ လန့်သွားတာပဲ"

"မလန့်ပါနဲ့ ယမုံရာ ငါပါ ​​​နေ​​ခြည်မောင်
လာ အိမ်ရောက်မှ ဆက်ပြောရအောင်"

မောင်ဆွဲခေါ်ခဲ့တဲ့ အတိုင်းပဲ ယမုံလည်း လိုက်လာခဲ့သည်။မောင်က ဇွတ်ပါပဲလေ။

...........

"ဟော ရောက်လာပြီလား သမီးယမုံခင်"

ခြံထဲကို ကားလေးဝင်ပြီး အိမ်ရှေ့ရပ်တုန်းရှိသေး မောင့်ရဲ့ မေမေက ထွက်လာပြီး ကားပေါ်က ဆင်းလာတဲ့ ယမုံ့ လက်လေးကိုင်ကာ
မေးသည်။ယမုံလည်း ပြုံးပြပြီး

"ဟုတ် အန်တီ သမီးရောက်ပါပြီ"

"အန်ကယ်တို့က မျှော်နေတာ သမီးရဲ့ ကျောင်းတတ်နေတဲ့ တစ်လျှောက် ဒီမှာပဲနေနော် သမီး"

ယမုံလည်း ပြုံးပြကာ

"ဟုတ် အန်ကယ် ယမုံက ဖြစ်နိုင်ရင် ဒီမှာပဲ တသက်...."

"ဟ့ ဒယ်ဒီတို့ကလည်း ယမုံက သမီးအရင်းလား ကျွန်တော်က သမီးအရင်းလား မသဲကွဲတော့ဘူး"

ကားနောက်ခန်းက အထုတ်တွေ ဆွဲလို့ စကားဝင်ဖြတ်ပြောတဲ့ မောင့်ကြောင့် အားလုံးပြုံးရပါသည်။အန်တီက မောင့်လက်ကိုတစ်ဖက်တွဲ ယမုံ့လက်ကို တစ်ဖက်တွဲကာ

"လာပါ အထဲဝင်တော့ နောက်မှ ဆက်ပြောကြတာပေါ့ သမီးယမုံလည်း ပင်ပန်းရောပေါ့ အခန်းလိုက်ပြပေးလိုက် နေခြည်"

"ဟုတ်ကဲ့ မာမီ"

အန်တီတို့နဲ့ စကားပြောပြီး မောင်က ယမုံနေဖို့အခန်းကို လိုက်​ပြပေးတယ်လေ။

"ယမုံ ဒါက ယမုံနေဖို့အခန်း
တစ်ခုခုဆို  ငါ့ကိုပြောနော် ဘေးကပ်ရပ်က ငါ့အခန်း"

မောင်က ဘေးက သူ့အခန်းကို လက်ညှိုးထိုးပြလို့ ပြောသည်။ယမုံလည်း ခေါင်းငြိမ့်ပြပြီး

"အင်းပါ
လိုအပ်ရင် ပြောမှာ စိတ်ချမောင်"

"ယမုံ ဘာလို့ ငါ့ကို မောင်..မောင်..မောင်နဲ့ ခေါ်နေတာလဲဟင်"

မောင်ချစ်သော အညာသူ ( gl fic)   Where stories live. Discover now