20{U+Z}

425 44 6
                                    

ရာသီဥတုသာယာပြီး ကြည်လင်နေတဲ့ ကောင်းကင်ကြီးမှာ တိမ်လည်းကင်းသလို နေလည်းပြင်းပါသည်။ပိုဆိုးသည်က မြန်မာနိုင်ငံ အလည်ပိုင်းဖြစ်တဲ့ မကွေးတိုင်း မကွေးမြို့က ဒီလိုဆောင်းရာသီဆို နေ့ဘက်တွေမှာ တအားပူပါသည်။

"dady ရှင်းရှင်း ပူတယ်"

ကားနောက်ခန်းကနေ သမီးလေးက သူ့ကိုယ်သူ လက်လေးနဲ့ ယက်ခက်ပြလို့ မျက်နှာလေးရှုံ့မဲ့ကာ သူ့ဘေးကထိုင်နေတဲ့ အမျိုးသားကို ပြောနေလေသည်။

ကားရှေ့ခန်းမှာက ရတီရယ် မေရယ် ထိုင်နေပြီး ကားနောက်ခန်းမှာက သမီးလေး ရှင်းသန့်ခင်နဲ့ မေ့အစ်ကို ကိုရောင်နီဦး တို့ ထိုင်နေကြသည်။ဒီမနက်ပဲ မေက ရတီ့ကို ဖုန်းဆက်ပြီး သူ့အစ်ကိုနဲ့ သမီးလေးလာမှာမို့ သွားကြိုမှာ လိုက်ခဲ့ဟုပြောထားသောကြောင့် အခုလို ပါလာရခြင်းပင်။

ရှင်းသန့်ခင်က ခြောက်နှစ်အရွယ်ရှိပြီး ဝဝကစ်ကစ်နဲ့ ချစ်စရာပါးဖောင်းဖောင်း ကလေးလေးပင် ။ဥရောပမှာ ကြီးတာဆိုပေမဲ့ မြန်မာစကားကိုလည်း ကောင်းကောင်းပြောတတ်သေးသည်။ဆံပင်က ကျောလည်လောက်ကိုမှ အမြင့်စည်းထားပြီး လက်ထဲမှာလဲ lolipop လေးကိုင်ထားတဲ့ အသဲယားစရာ ကလေးလေးပင်။

ကိုရောင်နီဦးကတော့ အရပ်မြင့်မြင့်နဲ့ ကြည့်ကောင်းပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ပင် ပြောရလောက်မည်။မျက်ခုံးကောင်းပြီး မျက်ဝန်းတွေကတော့ တည်ငြိမ်မှုနဲ့ ဆွဲဆောင်မှုရှိသည်မှာ အမှန်ပင်။

သမီးလေးပြောတော့ ရောင်နီက မေ့ကို လှမ်းပြီး

"မရောက်သေးဘူးလား မေ။သမီးလေးက ယမုံ့ကို တွေ့ချင်နေပြီ"

ရောင်နီပြောတော့ မေက ကာားနောက်မှန်ကနေကြည့်ပြီး ပြုံးဆဆနဲ့

"မေကြည့်ရသလောက်တော့ ရှင်းသန့်လေးထက် အစ်ကိုက ပိုတွေ့ချင်နေသလားလို့ပဲနော်"

"လမ်းကိုပဲ အာရုံစိုက်မောင်း မေ"

မေ့အပြောကိုတော့ ကိုရောင်နီတစ်ယောက် စကားလွှဲကာသာ သမီးလေးကို ပန်ကာ အသေးလေးပေးလို့ ဘေးပတ်ဝန်းကျင်ကို ကြည့်လို့ နေလေသည်။ကားလေးထဲလည်း တဖန်ပြန်၍ တိတ်ဆိတ်သွားသည်။

မောင်ချစ်သော အညာသူ ( gl fic)   Where stories live. Discover now