"ဒေါက်...ဒေါက်...ဒေါက်..."
"ယမုံ သမီးလေး လှလိုက်တာကွယ်"
မောင့်ရဲ့ အခန်းရှေ့ ရပ်လို့ တံခါးခေါက်နေတုန်း အန်တီက ယမုံ့ကိုမြင်ပြီး အလှဆုံးပြုံးကာ ပြောသည်။
"ဒါနဲ့ ဒီမှာ ဘာလုပ်နေတာလဲ ယမုံ"
"ယမုံမောင့်ကိုစောင့်နေတာပါ အန်တီ
ဒီနေ့ ယမုံတို့ ဘုရားသွားဖို့ ပြောထားလို့ပါ""ဟုတ်လား ယမုံ....ဒါနဲ့
နေခြည်မောင်က အစောကြီးကတိုင် ကောင်မလေး တစ်ယောက်နဲ့ ထွက်သွားပြီလေ ယမုံရဲ့""ရှင်....."
အန်တီ့ရဲ့ စကားအဆုံး ဆို့တတ်လာတဲ့ ဝမ်းနည်းစိတ်နဲ့အတူ ဝဲတတ်လာတဲ့ မျက်ရည်စများကို မျက်တောင်ရှည်များနဲ့ ပုတ်ခပ်သိမ်းဆည်းလို့ အန်တီ့ကိုပြုံးပြကာ
"ဟုတ်လား အန်တီ သွားတာကြာပြီလားဟင်"
ယမုံမေးမှ အန်တီက လက်ကနာရီကိုကြည့်လို့
"အင်း.....ခြောက်ခွဲလောက်ကသွားတာဆိုတော့ အခုကို ရှစ်နာရီရှိပြီလေ ။ကြာပြီပေါ့ သမီးရဲ့"
"ဘယ်သူတွေပါသေးလည်း အန်တီ"
ယမုံ့အမေးကို အန်တီက စဥ်းစားဟန်ပြုပြီးမှ
"မပါဘူးယမုံ ချောချောလှလှကောင်မလေး တစ်ယောက်ပဲ။နေခြည်ကတော့ သူ့ကို မေလို့ ခေါ်တာပဲကွယ်"
"အော်...မောင်ရယ်..."
တီးတိုးစွာရေရွတ်မိလို့ ကိုယ့်ကိုယ်ကိုယ် သဘောကျစွာ ခေါင်းကို တစ်ဆက်ဆက်ငြိမ့်လို့ ပြုံးကာသာ
"ယမုံလည်း မေ့တတ်ရန်ရော အန်တီရယ် မောင့်မှာ ယမုံ့ထက် အရေးကြီးတဲ့သူ ရှိနေပြီပဲလေ......"
အပြုံးလေးနဲ့ ခပ်ဆွေးဆွေးလေး ပြောနေသော ယမုံ့ကို အန်တီက နားမလည်သလိုလေး ကြည့်လို့
"ရန်ဖြစ်ထားကြတာလား ယမုံ"
"မဟုတ်ပါဘူး အန်တီ ယမုံတို့ ရန်ဖြစ်မထားတာမို့ စိတ်မပူပါနဲ့နော်"
"အေးပါကွယ် ဒါဆို အန်တီလည်း ဟင်းချက်ဖို့ ပြင်ဦးမယ်ကွယ်"
အန်တီ့ရဲ့ ကျောပြင်လေးကိုကြည့်လို့ ယမုံတစ်ယောက် အခန်းထဲပဲ ပြန်ဝင်ခဲ့သည်။အခန်းထဲရောက်တော့ စားပွဲပေါ်က မောင်နဲ့အတူ ရိုက်ထားတဲ့ ပုံလေးကို ယူလို့ ကုတင်ခြေရင်းမှာ ထိုင်ကာ ပုံလေးကို ခပ်ဆွေးဆွေးလေး ငေးလို့
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic)
Phi Hư Cấuအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။