မောင်ဟာ ခင့်ကိုကြည့်နေရင်းမှ တောင်တန်းတွေနဲ့ မြစ်ပြင်ဘက်ပြန်လှည့်လို့
"အခုကရော ဘာလဲ ခင်"
"မောင်!"
မောင်ပြောတော့ မောင့်ဘေးနား တင်ပလွှဲလေးဝင်ထိုင်လို့ မောင့်ကို ခေါင်းလေးစောင်းကြည့်ကာ သနားစရာ မျက်ဝန်းလေးတွေနဲ့
"မောင် ခင့်ကို စိတ်ဆိုးနေတာလားဟင်"
ခင်ပြောတော့ မောင်ဟာ ခေါင်းလေးအသာယမ်းလို့
"ဟင့်အင်ခင် မောင်က ခင့်ကိုစိတ်ဆိုးရက်ပါ့မလား"
"ဒါဆို မောင် ခင်နဲ့ ပြန်လိုက်ခဲ့လေကွယ်"
ခင်ပြောတော့ မောင်က သက်ပြင်းရှည်ကိုရှိုက်လို့ ခေါင်းလေးငုံ့ပြီး အသာပြုံးကာသာ
"ခင် မောင်ကို ဘယ်ချိန်ထိ ကစားနေမှာလဲဟင်"
မောင်က လေပြေကြောင့် လွှင့်နေတဲ့ သူ့ဆံပင်တိုတိုကို အသာလှန်တင်လို့ မေးတော့ ခင်က အုပ်ခုံပေါ်က ဆင်းကာ မောင့်ရှေ့ ရပ်လိုက်ပြီး မောင့်လက်ကလေးကို အုပ်ကိုင်ကာ
"မောင်..တို့မှားပါတယ် တို့က မောင့်ကို ခွဲနိုင်မယ်ထင်ခဲ့ပေမယ့် တကယ်ဆို တို့က မောင်မရှိလို့ မဖြစ်ဘူးမောင်"
မျက်နှာငယ်လေးနဲ့ အသနားခံလာတဲ့ ခင့်ကို အသာကြည့်လို့ မောင်က ခပ်ဖွဖွပြုံးလိုက်ပြီး
"တကယ်တော့ ခင်က မောင်မရှိလည်း ဖြစ်ပါတယ်"
မောင့်ရဲ့ ခနဲ့တဲ့တဲ့စကားကြောင့် ခင့်မျက်ဝန်းမှာ တိမ်ညိုတွေ ရစ်သီလာလေသည်။ခင်က နှုတ်ခမ်းလေးဆူကာ ခေါင်းလေး ငုံ့လို့ မောင့်လက်ဖမိုးကို အသာပွတ်သပ်ကာသာ တိုးဖွသော လေသံလေးနှင့်ပင်
"ဟုတ်ပါတယ် တကယ်တော့ တို့က မောင်မရှိလည်းဖြစ်ပါတယ်"
ပြောကာသာ ခေါင်းလေးမော့လို့ မျက်နှာချင်းဆိုင်ကြည့်မိတော့ မောင့်မျက်ခုံးနှစ်ခုဟာ ထိလုနီးနီး ကျုတ်ထားလို့ နေသည်။ခင်လည်း မောင့်ပါးပြင်လေးကို အသာထိကာ တည်တင်းနေတဲ့ မောင့်နှုတ်ခမ်းပါးလေးထက် အသာနမ်းလိုက်တော့ ပြေလျော့ချင်လာတဲ့ မောင့်မျက်ခုံးတန်းလေးတွေကြား လက်လေးနဲ့အသာပွတ်ပေးကာ
YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic)
Документальная прозаအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။