"မမရော ရတီ"
"ခြံထဲမှာ"
အိမ်အပေါ်ထက်ကနေဆင်းလာတဲ့ ယမုံက ရတီ့ကို လှမ်းမေးလိုက်သည်မို့ ရတီဖြေတော့ ခြံထဲကြည့်မိသည်။မမက ဒန်းပေါ်မှာ အသာထိုင်နေပြီး မျက်နှာတော့ မကောင်းပေ။သမီးလေးကလည်း မမဘေးထိုင်လို့ အရုပ်လေးတွေနဲ့ဆော့နေပုံပါပဲလေ။
"ယမုံ မေနဲ့ စကားခနလောက်ပြောရအောင်"
မေ့အပြောကို ခေါင်းလေးငြိမ့်လို့ မေနဲ့ ယမုံ ဧည့်ခန်းက ဆိုဖာမှာပဲ ထိုင်လိုက်ကြသည်။ရတီကတော့ မမနဲ့ သမီးလေးဆီ သွားမယ်ဆိုပြီး ထွက်သွားလေသည်။
"ပြောလေ မေ ဘာများလဲ"
မျက်နှာချင်းဆိုင်ထိုင်ကာ ယမုံက စမေးတော့ မေက ယမုံ့ကို သေချာကြည့်လို့
"နင်ပျော်လားယမုံ "
ယမုံက မေ့ကို နားမလည်သလိုလေးကြည့်လို့ ခြေချိတ်ထိုင်ကာသာ လက်လေးပိုက်ပြီး
"ဆိုလိုချင်တာက ဘာလဲမေ"
မေလည်း သက်ပြင်းရှိုက်လို့ ယမုံ့ကို သေချာကြည့်ပြီး
"ဒဲ့ပဲ မေးမယ်ယမုံ အခုနေခြည်မောင်လည်း မမခင်ဘေးမှာရော နင့်ရှေ့မှာပါ မရှိတော့ဘူး ၊မမခင်လည်း အဲ့နေ့ကစပြီး တစ်မှိုင်မှိုင်တဆွေးဆွေးနဲ့ ထမင်းတောင် ကောင်းကောင်းမစားနိုင်ဘူး အဲ့တော့ နင်ပျော်လား"
"မေ!!!"
"ငါ့ကို မအော်နဲ့ယမုံ နင်မောင့်ကိုမုန်းတာ လက်ခံလို့ရပေမဲ့ နင့်အစ်မ မမခင်မှာက ဘာအပြစ်များရှိလို့လဲဟင်။နင်က မောင့်ကိုမုန်းတာလား မမခင်ကို နာကျင်စေချင်တာလား ဆိုတာ မသဲကွဲဘူးယမုံ"
"မေ နင်ဘာသိလို့လဲ ငါက မမအတွက်လုပ်ပေးနေတာ"
"ဟွန့်...သေချာလို့လား ယမုံရယ် နင်မမခင် အတွက်လုပ်ပေးတယ်ဆိုတာက.. "
မေက လှောင်ပြုံးပြုံးကာ မေးလိုက်တော့ ယမုံဟာ ခတ္တမျှ တွေဝေသွားသည်။မေကပဲ စပြီ မတ်တပ်ရပ်လို့
"ငါက သူများကိစ္စ ဝင်ပါရတာ မကြိုက်ဘူး ယမုံ ဒါပေမဲ့ ဒီပွဲမှာတော့ မမခင်ဘက်ကကြည့်မယ်ဆို နင့်လုပ်ရက်တွေက လွန်လွန်းလို့ ပြောနေတာ...ရတီက သူပြောရင် ပိုဆိုးမှာဆိုးလို့တဲ့ ငါ့ကိုပြောခိုင်းတာ...ဒါက နင်တို့ကြားပါတာ နောက်ဆုံးပဲ ယမုံ နင်သေချာစဥ်းစားပေါ့ မမခင်အတွက်ပဲဖြစ်ဖြစ် နင့်လုပ်ရက်ဟာ မှန်ကန်ရဲ့လားဆိုတာ"

YOU ARE READING
မောင်ချစ်သော အညာသူ ( gl fic) complete
No Ficciónအညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။